ဆုံဆည်းရာ၊ ဧပြီလ ၂၅ ရက် ၂၀၁၁
ကရင်ပြည်နယ်၊  ကမမောင်းမြို့ သံလွင်တဖက်ကမ်းရှိ ဒီကေဘီအေ အခြေစိုက် ဌာနချုပ်ဖြစ်တဲ့  မြိုင်ကြီးငူစခန်းမှာ ဒီကေဘီအေ တပ်ရင်း သုံးရင်းဖြစ်တဲ့ ၉၉၉၊ ၅၅၅ နှင့် ၃၃၃  တပ်တွေကြား နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက် လက်ခံရေး၊ မခံရေး ကို  အစည်းအဝေးအတွင်း အချင်းပွားရာမှ  မကျေမလည်ဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့  စနေနေ့ညပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ နယ်ခြားစောင့်တပ်  စတင်အသွင်ကူးပြောင်းစဉ်ကာလအတွင်းကပင် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုအရ  အချင်းအချင်း မကျေလည်မှုတွေရှိခဲ့တယ်လို့ ဒီကေဘီအေ ရဲဘောင်ဟောင်း တဦးက  ပြောဆိုပါတယ်။ဗိုလ်ချုပ်မောင်ကြည်ဦးစီးတဲ့ ဒီကေဘီအေ ၃၃၃ တပ်မှ တပ်ဖွဲ့အချို့က နယ်ခြားစောင့်တပ် လက်မခံရေးကို အချင်းပွားရာမှ ၃၃၃ တပ်မှ တပ်ဖွဲ့အချို့က ဧပြီလ ၂၃ ရက်နေ့ညက ဒီကေဘီအေ အခြေစိုက်ဌာချုပ် မြိုင်ကြီးငူစခန်းကို လက်နက်ကြီးများနဲ့ ၀င်ရောက်ပစ်ခတ်စီးနင်းသိမ်းပိုက်ခဲ့ပြီး လက်နက်ဂိုထောင်၊ ရုံးများ၊ လိုင်စင်မဲ့ကားများ ထားရာနေရာများနဲ့ ဘားတိုက်အချို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် အခြေအနေ ဆက်လက် တင်းမာနေဆဲပဲလို့ သိရှိပါတယ်။ 
တိုက်ပွဲဖြစ်ပွားခဲ့သည့် စနေနေ့ညဘက်တွင် အသေအပျောက်နှင့် ထိခိုက်ဒါဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ဆယ်ဦးထက်မနည်းရှိတယ်လို့ ဒီကေဘီအေ ရဲဘော်တဦးမှ ပြောကြားပါတယ်။ ဒီကေဘီအေ အချင်းချင်းတိုက်ပွဲဖြစ်ပွားနေချိန်မှာ ဒီကေဘီအေ စခန်း ဌာနချုပ် အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန က ထိုင်းနိုင်ငံတနေရာတွင် ကျန်းမာရေးအရ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဒီကေဘီအေ အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနဟာလည်း ၂၀၁၀ သြဂုတ်လ ၁၉ ရက် နေ့ မတိုင်မီအထိ ဒီကေဘီအေကနေ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲစတင်ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့ကတည်းက အခုအချိန်အထိ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့အချို့ နယ်ခြားစောင့်တပ် လက်မခံရေး၊ ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အတွက် နအဖ နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment