နေ့ သစ်သတင်းစာမျက်နှာမှ
ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) ဟာ ဗိုလ်ချုပ်မောင်ကြည် ဦးဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး မြိုင်ကြီးငူစခန်း မှာရှိတဲ့ လက်နက်တိုက် ရယ် ပစ္စည်းဂိုဒေါင်တွေရယ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်ချိန် ဟာ ၂ နာရီလောက်ကြာခဲ့ပြီး အတည်ပြုမရတဲ့ သတင်းအရ တိုက်ပွဲမှာပါတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် သုံးဦး ထိခိုက်သေ ဆုံးခဲ့တယ်လို့လည်း ကြားသိရပါတယ်။
“ဟုတ်တယ် မနေ့က ညနေဘက် မြိုင်ကြီးငူမှာဖြစ်တာ သုံးယောက်ကျတယ်ကြားတယ် ဘယ်ဘက်ကမှန်းမသိဘူး ကျနော်တို့ ကြားတာကတော့ အကုန်မီးရှို့သွားတယ်လို့တော့ ကြားတာပဲ။ လက်နက်တိုက်လဲ ပါသွားတယ်။ မြိုင်ကြီးငူ စခန်းက ကမမောင်းမြို့နဲ့ သံလွင်မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ မြိုင်ကြီးငူက အရှေ့ဘက်ကမ်းမှာ။ ကျနော်တို့ သိ သလောက်တော့ နယ်ခြားစောင့် စလုပ်ကတည်းက အချင်းချင်းကြားမှာ မကျေနပ်တာတွေ ရှိနေကြတာ အဲဒါတွေ ကြောင့်လို့တော့ ကြားတာပဲ” လို့ ပြောပြသွားပါတယ်။
ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ မြိုင်ကြီးငူ ဌာနချုပ်စခန်းဟာ ၁၉၉၅ ခုနှစ်တုန်းက ကေအန်ယူ မှ ခွဲထွက်ကာ မြိုင်ကြီးငူ နယက ဆရာတော် ဦးသုဇန ဦးစီးမှုနဲ့ ဒီကေဘီအေ အဖွဲ့တည်ထောင်ပြီး နအဖ နှင့် အပစ်ရပ်ခဲ့စဉ်ကာလများက ဌာန ချုပ် လုပ်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။
မြိုင်ကြီးငူဆရာတော်ဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကေအန်ယူနဲ့ ဒီကေဘီအေ အပစ်ရပ်ဖို့အ တွက် ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ နအဖ က ဖိအားပေးလာတဲ့ ဒီကေဘီအေကို နယ် ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စမှာ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၁၀ သြဂုတ်လ ၁၉ ရက် နေ့ မတိုင်မီတရက်အလိုအထိ ဆရာတော်ဟာ ဒီကေဘီအေ ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်ခံခြင်းမရှိ ဘူးလို့ သိရှိခဲ့ရပါတယ်။
မနေ့က တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ဆရာတော်ဟာ မြိုင်ကြီးငူဒေသမှာ သတင်းသုံးနေခြင်း မရှိဘဲ။ ထိုင်းနိုင်ငံမှာ ကျန်မာရေးအရ ဆေးကုသမှုကို ခံယူနေတဲ့အချိန် ဖြစ်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment