http://www.ktimes.org/news/
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်တွင် ရှားတောမြို့နယ် အခြေစိုက် ခမရ ၃၃၂နှင့် ကရင်နီတပ်မတော် တပ်ခွဲ ၃ မှ ဗိုလ်ဆဲနိုးနှင့် ဗိုလ်ကူးရယ် ဦးဆောင်သော တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ ဒေါတနော ကျေးရွာအတွင်းသို့ အမြောက်ကျဉ်ဆံ ၇ လုံး ပစ်ခတ်လာသည်ဟု ရှားတောဒေသခံတို့က ဆိုသည်။
ရှားတောမြို့ စုစည်းကျေးရွာမှ ကျေးရွာဟောင်းသို့ တောင်ယာဆိုင်ရာ အလုပ်အကိုင် ပြန်လာလုပ်ကိုင်ရင်း နေထိုင်သည့် ယာယီကျေးရွာတရွာ
လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးသည့်နောက် ကျေးရွာတွင်းသို့ ၀င်ရောက်လာပြီး လက်နက်ငယ်များဖြင့် တဖန် ရွာသားများ၏ နေအိမ်ကို ပစ်ခတ်၍ အိမ်များကို ထိမှန်သွားခဲ့ကြောင်း၊ သို့သော် ထိုအချိန်တွင် ရွာသားများက ကျေးရွာအပြင်သို့ ထွက်ပြေးပုန်းရှောင်နေကြ၍ ထိခိုက်မှု မရှိခဲ့ကြောင်း ထွက်ပြေးပုန်းအောင်းနေခဲ့ရသူရွာသားတဦးက ဆိုပါသည်။
လက်နက်ကြီးများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရွာသားတို့၏ အမည်နာမများကို လုံခြုံရေးအရ မဖေါ်ပြရန် သတင်းပေးသူ ရွာသားတို့က တောင်းဆိုထားသည်။
စစ်အစိုးရတပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တို့အကြား တိုက်ပွဲများ မဖြစ်ပွားရန် စစ်တပ်မှ ရွာသားများကို အကြိမ်ကြိမ် အမိန့်ပေးလေ့ရှိကြောင်း ကရင်နီပြည်ထဲရေးဌာနမှ ဒု-တာဝန်ခံ ဗားမားနိုင်က ပြောသည်။
၎င်းက “တိုက်ပွဲ ဖြစ်လာပြီဆိုရင် နအဖက လူထုကို ခုတုံးလုပ်ပြီးတော့မှ နှိပ်စက်ပြီးတာကတော့ အဲဒါက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပြီပေါ့။ အမှန်ကတော့ သူတို့က လူထုကို ပစ်မှတ်ထားပြီးတော့ သူကိုင်လာမယ်ဆိုရင် ဒီက ကရင်နီကနေတွေက လူထုထဲမှာ သူရွှေသူ့မျိုး ရှိနိုင်တယ်။ သူတို့ လူထုကို ဟန့်တန့်ရင် ရကောင်းရနိုင်တယ် သူတို့ မြင်ပြီးတော့မှ လူထုကို အဲလိုဒုက္ခပေးလာတာ အမျိုးကြီး ရှိလာတာပေါ့” ဟု ပြောသည်။
မတ်လ ၉ ရက်နေ့က နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲတွင် နှစ်ဦးနှစ်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ကရင်နီတပ်မတော်တို့၏ ပြောပြချက်အရ သိရသည်။
ယခင်မတ်လ ၇ ရက်နေ့ကလည်း ရှားတောမြို့နယ်ရှိ ရှမ်း-ကရင်နီနယ်စပ် အနီးတွင် ခမရ ၃၃၂ တပ်ဖွဲ့နှင့် ဗိုလ်ဆဲနိုး ဦးဆောင်သော ကရင်နီတပ်မတော် တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်တပ်ဘက်မှ တပ်ကြပ်ကြီးတဦး အပါအ၀င် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment