
၂၀၁၀  ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက လွယ်တိုင်းလျန်းဒေသတွင်  ရှမ်းပြည်အမျိုးသားနေ့၌ စစ်ရေးပြနေသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း  (SSAS) တပ်ဖွဲ့ဝင်များ
စိုင်းဆိုင်မိဏ်းက ဆက်လက်၍ “သူတို့ချက်မယ့် ဘိန်းအစိမ်း
တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု မသိရသေးကြောင်း၊ ယင်း စက်ရုံအတွက် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင် ခန့်မှန်ခြေ အင်အား ၅၀ ခန့်ရှိပြီး SSA-S ဘက်မှ တပ်ဖွဲ့ စစ်ကြောင်းတကြောင်းစာ ရှိကြောင်း၊ SSA-S ဘက်မှ ကျဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။
တောင်ကြီးမြို့တွင်ရှိသော PNO ရုံးကို ဧရာဝတီက ဆက်သွယ်၍ မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုသူ ခွန်အောင်စိုးက အခြေအနေများကို ဘာမျှ မသိရှိရကြောင်း ပြန်လည် ဖြေကြားသည်။
ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၉၉၃ တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည်။
အပစ်အခတ်ရပ်စဲပြီးနောက် PNO သည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကို ထိန်းချုပ်ထားသည်။ စစ်အစိုးရက PNO ကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNO သည် ပတ္တမြားနဂါး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။
ဦးနေ၀င်းထွန်းသည် PNO ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပြီး ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
PNO ပိုင် ကုမ္ပဏီသည် ရှမ်းပြည်နယ်ရှိ မိုင်းရှုး၊ ကချင်ပြည်နယ်ရှိ ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ မန္တလေးတိုင်းရှိ မိုးကုတ်တို့တွင် ကျောက်မျက်ရတနာနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လွှဲပြောင်းလှူဒါန်းခဲ့သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment