http://www.naytthit.net
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြဝတီ ကော့ကရိတ်ကားလမ်းဘေးမှာရှိတဲ့ ကောင်းမှုရွာကို နအဖ စကခ ၁၂ လက် လက်အောက်ခံတပ်တွေက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကားလမ်းဘေးက ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေ ရှိနေမယ်လို့ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဆက်လက်ရှင်း လင်းခဲ့ပါတယ်။
ကော့ကရိတ်မြို့အရှေ့ဘက် ကော့နွှဲရွာအနီးက ရွာသစ်ကို ၂၈ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ စကခ ၁၂ လက် အောက်ခံတပ်မှ လက်နက်ကြီးများနဲ့ ရွာကိုတိုက်ခိုက်ခဲ့ပြန်ရာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတ ဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
နအဖ ဘက်က ပစ်ခတ်လို့ ရွာသားသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ဗိုလ်မှူးဆန်းအောင် က ခုလို့ ပြောပြပါတယ်…
“နအဖ က ပြည်သူလူထုကို ရန်သူလို သဘောထားပြီး သတ်ဖြတ်နေတာ ခုမှ မဟုတ်ဘူး ကြာပြီ၊ သူတို့ စစ်ရေး အရရှင်းချင်ပြီဆို ရွာလုံးကျွတ် နယ်လုံးကျွတ် မြေလှန်ပြစ်ခဲ့တာပဲ၊ ခုဆိုကြည့် နော်တို့ လူမျိုးတွေပြည်သူတွေ အတော်များများ ဒုက္ခသည်စခန်းရောက်တာရောက် နိုင်ငံခြားတွေ ရောက်တာရောက်ဖြစ်ကုန်တယ်။ ခုလဲပဲ ကျနော်တို့ အခြေခံထားတဲ့ ကျနော်တို့ကို ထောက်ခံနေတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရှင်း လင်းနေတဲ့ သဘော ရွာတွေကို မနေရဲအောင် လက်နက်ကြီးတွေနဲ့ မောင်းထုတ်နေတဲ့ သဘောပဲ” လို့ ပြော ပြသွားပါတယ်။
နအဖ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရှင်းလင်းခံရတဲ့ ကော့ကရိတ်မြို့နယ်က ကောင်းမှုရွာနဲ့ ရွာသစ်ရွာတွေ က ရွားသားတွေဟာ ရွာမှာ မနေရဲကြတော့ပဲ နအဖ လက်နက်ကြီးကျည်ဆံလွတ်မယ့် တောတောင်တွေထဲ ပုန်းအောင်း နေထိုင်နေရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment