
တပ်မဟာ ၄တပ်ဗိုလ်တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ။
ကေအဲန်ယူ တပ်မဟာ ၄က လွန်ခဲ့တဲ့ မတ်လ ၁၂ရက်နေ့က နအဖတပ်ကို စောင့်ကြို ပစ်ခတ်ရာ နအဖဘက်မှ ၉ယောက် ထိခိုက်ဒဏ်ရာရသည်ဟု တပ်မဟာ ၄ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် တပ်မဟာ ၄ တပ်ရင်း ၁၁နယ်မြေ တနင်္သာရီ မြို့နယ်အတွင်းမှာ ဖြစ်ပြီး တပ်မဟာ၎လက်အောက်ခံ တပ်ရင်း ၁၁ တပ်ခွဲ ၂နှင့် နအဖ တပ်ရင်း ၂၂၄နှင့် တပ်ရင်း ၁၇ စစ်ကြောင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားချိန် ၁၀မိနစ် ကြာမြင့်ခဲ့ပြီး နအဖဘက်က ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၆ယောက်ကျဆုံး ၃ယောက်ဒဏ်ရာရကာ ကေအဲန်အယ်အေ တပ်မဟာ ၄ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း တပ်မဟာ ၄သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ကိုးကား-ကွယ်ကလူ
အဲခေါင့်သောင့်






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment