နေ့သစ်

ဒီကနေ့ နေ့လည် ၂ နာရီခန့်က ကရင်ပြည်နယ် ကော့ကရိတ်မြို့က ခလရ ၉၇ နဲ့ မြို့အဝင် အဖွဲ့ပေါင်းစုံ စစ်ဆေးရေး ဂိတ်လုပ်ထားတဲ့ ချက်ပွိုင့် စတဲ့ နေရာ နှစ်ခုကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကော့ကရိတ်မြို့ခံတဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ …
“တိုက်ပွဲဖြစ်တယ် နေ့ခင်း၂ နာရီလောက်ကပဲ၊ ၉၇ ထဲကို လက်နက်ကြီး ၂ လုံးကျသံကြားတယ်။ ချက်ပွိုင့်ကိုလည်း ပစ်တယ်။ ဆေးရုံဘက်တော့ ဒဏ်ရာရ ရဲဘော် ၂ ဦး သယ်သွားတာတွေ့တယ်။ ပစ်သံခတ်သံတွေကြားတော့ ဆိုင်တွေ လည်း ပိတ်ကုန်တယ်၊ ရာသီဥတုကလည်း မကောင်းတော့ အိမ်မှာပဲ ပုန်းနေရတယ်” လို့ ပြောပြသွားပါတယ်။
အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းနေဆဲ ဖြစ်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment