စိမ်းလန်းနေတဲ့မြေ ဒို့ ဖိုးဖွားတွေ ပိုင်ဆိုင်ခဲ့တယ်လေ
ဒီမြေ-ဒီရေ-ဒီလေ တွေနဲ့
ဒို့ ရဲ့ ဖိုးဖွားတွေ ငြိမ်းချမ်းသာယာပျော်ရွှင်ခဲ့တယ်
အဲဒီမြေဟာ ဘိုးဘွားတွေနေခဲ့တဲ့ ဒို့ရဲ့ အမွေမြေဘဲလေ
ဒို့တိုင်းရင်းသားတွေ အတူပျော်ရွှင်နေမယ်
ဥမကွဲ သိုက်မပျက် စည်းလုံးကြမယ်လေ
အတ္တမာန်မာန ကင်းရှင်းခြင်းတရားနဲ့
အတူလက်တွဲကာ ညီညွတ်ကြမယ် .. ဟေ့
ဘိုးဘွားတွေပေးခဲ့တဲ့ ဒို့ရဲ့ အမွေမြေထဲမှာလေ
ပျော်ရွှင်စွာ အတူစားသောက်ကြမယ်...
ညီကိုမောင်နှမ ရင်းချာတွေပဲ..
တအိမ်ထဲတူနေ တရေထဲအတူသောက်စို့လေ..
ရန်လိုမူ့တွေ ကင်းရှင်းကြမယ်
ဘိုးဘွား တွေရဲ့ ပိုင်မြေကမ္ဘာထဲမှာလေ
အနာဂါတ်ကို မျှော်ကြည့်စို့
ပြီးခဲ့တာတွေ သင်္ခန်းသာယူတတ်စို့လေ
ပြုံးပျော်ရွှင်စွာ ပေါင်းစည်းနေကြစို့
လှပတဲ့ ပန်းမျိုးစုံ ရှိနေကြတယ်လေ
ဘယ်အရာတွေလိုနေသေးလို့လဲ ဒို့မြေထဲမှာ လေ
မြစ်ချောင်း၊တောတောင် စုံလို့ရယ် ပန်းပေါင်းစုံတွေဖူးပွင့်မယ်
မြေပေါ်ရေအောက် ကောင်းလှတဲ့ သဘာဝတွေရှိနေတယ်
လယ်မြေပြင်တွေ ကျယ်လို့ရယ် စပါးပင်တွေ ဝင်းလို့ကွယ်
ယဉ်ကျေးမူ့တွေစုံလို့ရယ် လူမျိုးပေါင်းစုံနေထိုင်တယ်
မေတ္တာတရားတွေထားရှိတတ်ရင် ကမ္ဘာကြီး ဟာ အေးချမ်းမယ်...

Ehree

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment