http://www.ninedeblood.blogspot.
နအဖစစ်တပ်အရာရှိများအပါအ၀င် တပ်သားများစွာ သေကြေအထိနာခဲ့ရသော
ကေအန်ယူ၊ ဒီကေဘီအေနှင့် ကျောင်းသားတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့၏
ကားလမ်းမထက်က တိုက်ခိုက်မှုကြောင့် ယခုအခါ ကော့ကရိတ်နှင့်မြ၀တီကြားတွင်
အဆိပ်ပြင်းထန်သော မြွေဟောက်နှင့်မြွေပွေးတွေကို ကားနှစ်စီးစာ လွှတ်ထားခဲ့ကြောင်း
သတင်းရရှိပါသည်။
ဧရာဝတီတိုင်းမှ လျှို့ဝှက်သယ်ယူလာသော မြွေပွေးနှင့် မြွေဟောက် အကောင်ရေမြောက်များ
စွာကို ဖေဖေါ်ဝါရီလ(၂၇)ရက်နေ့တွင် လွှတ်ထားခဲ့ပြီး ၄င်းအကြံအစည်ကို နေပြည်တော်မှ
အမိန့်ပေးခဲ့ကြောင်း၊ ရှေ့တန်းရောက်နေသော နအဖတပ်ဖွဲ့များတောင် ထိုမြွေများလွှတ်
ထားတာကို မသိရှိကြကြောင်း၊ ကျွန်ုပ်တို့က မြွေတွေမလွှတ်ခင် ဖေဖေါ်ဝါရီ(၂၄)ရက်တုန်းက
သတင်းရရှိထားကြောင်း ကေအန်ယူ တပ်မဟာ(၇)၊ဘားအံခရိုင်မှူး အောင်မောင်အေးက
ဆိုပါသည်။
ကေအန်ယူ တပ်မဟာ(၇)၊ ဘားအံခရိုင်မှူးဆက်ပြောသည်မှာ-
ကျြနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ပွဲ၊ဆွဲမိုင်းတိုက်ပွဲတွေ
မလုပ်နိုင်အောင် ကျနော်တို့လူတွေလာမယ်ထင်ရတဲ့ အောက်ဗိုလ်တဲ၊ အလယ်ဗိုလ်တဲနှင့်
ချောက်ကမ်းပါးနေရာတွေမှာ အဲဒီမြွေတွေကို လွှတ်ထားတာ၊ ကျနော်တို့က ကြိုပြီး
အဲဒီအကြံအစည်တွေကို သတင်းရထားလို့ သတိထားပြီးသားပါ။
အဲဒီမြွေတွေက သူတို့ရဲဘော်တစ်ယောက်ကို ကိုက်ပြီး ဘားအံဆေးရုံမှာ ဆုံးသွားတယ်
လို့လည်း ကျနော်တို့ သတင်းရထားတယ်ဋ္ဋဋ္ဋဟု ဆိုပါသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment