ချောင့်ခက်၊ ဘလဲဒို့၊ တနဲအုကလိုး နေရာတွေမှာရှိတဲ့ စေတီပုထိုးတွေကို ဒီဒေသမှာရှိနေတဲ့ နအဖ တပ်တွေဟာ မတ်လ ၁၁ ရက်နေ့က ဖြိုဖျက် တူးဖေါ်နေတယ်လို့ သတင်းရရှိပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မိုင် ၂၀ လောက်မှာရှိတဲ့ ဝေါ်လေအနီးက ချောင့်ခက်၊ ဘလဲဒို့၊ တနဲအုကလိုး နေရာ ၃ နေရာမှာ ဒီကေဘီအေနဲ့ နအဖ အပစ်ရပ်ကာလတွေအတွင်း ဒီကေဘီကေအဖွဲ့က ဦးစီးတည်ထားခဲ့တဲ့ စေတီ တွေကို အခုတော့ နအဖ နဲ့ အပစ်ရပ်ဆဲတာတွေပျက်ကာ ၂ ဖက်တိုက်ပွဲတွေဖြစ်နေတဲ ဒေသတွေက စေတီတွေကို ဖြို ဖျက်ပစ်ကာ အဘိုးတန်ပစ္စည်းတွေကို တူးဖေါ်ရှာဖွေယူနေတယ်လို့လဲ သိရှိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က အခုလို ပြောပါတယ် ….
“အဲဒီ စေတီတွေကို ဖျက်ဆီးတူးဖေါ်နေတာ ကျနော်တို့ ဒီလ ၁၁ ရက်နေ့က စသိရတယ်။ ဝေါ်လေ၊ ချောင့်ခက်မှာ ရှိနေ တဲ့ နအဖ တပ်တွေလုပ်နေကြတာ စေတီတွေကိုဖျက်ပြီး တန်ဘိုးရှိတဲ့ ပစ္စည်းတွေ ရှာယူနေကြတယ်။ ခုလည်း သေပေါ ပိုးနားက တောင်နီရွာမှာ လူနေအိမ်က သစ်တွေကို မီးသွေးဖုတ်ပြီး ရောင်းပစ်နေကြတယ်။ တောင်နီရွာက အိမ်ခြေ ၅၀ လောက်ရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေကတည်းက သေ့ပေါပိုး ဟိုဘက်ကမ်း မော်လီချိုင်းရွာမှာ သွားခိုနေကြတာလေ။ ဒီ နအဖ စစ် အာဏာရှင်က သူတို့နဲ့ မတည့်တော့ဘူးဆိုရင် ဘာသာ သာဿနာတောင် အလွတ်မပေးဘူး အားလုံးကို ရှင်း ပစ်မယ် ဆိုတာကို သူတို့ လုပ်ပြနေတာ ဖြစ်တယ်။
မြန်မာပြည်မှာ နအဖ စစ်အာဏာရှင်တွေဟာ သူတို့ တိုင်းပြည်အာဏာကို ရယူထားတလျောက်လုံး သူတို့ မကြည်ဖြူ တော့ဘူးဆိုရင် ဘယ်လိုပင် သမိုင်းဝင်အဆောက်အဦ ဖြစ်နေပါစေ ဖျောက်ဖျက်ရှင်းလင်း ပစ်ခဲ့တာချည်း ဖြစ်ပါတယ်။









စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment