ဒါနဲ့ ကျနော်တို့  ရုရှားမှာကျောင်းတက်နေတဲ့ နအဖ ဗိုလ်လောင်း တယောက်ကိုမေးကြည့်ပြီးဘာသာပြန်ခိုင်းတော့ခု လို ပြောပြပါတယ်။
သတင်းကြေညာသူအမျိုးသမီး(တစ်) - အကိုမကောင်းဘူး ဒီလေယဉ်ပျံတွေ တစီးမမကောင်းဘူးမ၀ယ်ပါနဲ့  လို့ ကျမပြောတယ်။ မရဘူး။ ဗမာအကို ပြောတယ်။ သူဝယ်မယ်။ အတင်းဝယ်မယ်ပြောတယ်။
ကျမတို့ အစိုးရက တစီးဝယ်ရင်တစီးအလကားပေးတယ်။သူတို့ ညာတယ်။ တစင်းမှမကောင်းဘူး ။ အကိုမ၀ယ်ပါနဲ့ လို့ ပြောတယ်။သူကိုသနားတယ်။ကျမအမှန်တိုင်းပြောတယ်။ တစီးဒေါ်လာ ၅၀၀ မတန်ဘူးဘူး။ မရဘူး ။ ဗမာအကို ။ သူဝယ်တယ်။ ပြီးတော့ ဘောင်ချာအတုလုပ်တယ်။ တစီးကိုဒေါ်လာ သန်း ၃၀ ဆိုပြီ ဘောင်ွချာအတုလုပ်သွားတယ်။ ဗမာလေယျဉ်မောင်းတဲ့ ဟိုကောင်လေးနှစ်ယောက် အချောင်သေတယ်။
သတင်းကြေညာသူအမျိုသမီး (နှစ်)- ဒီလေယျဉ်ပျံက ဒီရွာမှာ ရပ်ထားတာကြာပြီ ။ ကလေးတွေတက်ဆော့နေတဲ့လေယျဉ်ပျံတွေ ထဲက တစီးလို့ သိရတယ်.။ ဟိုးစစ်ကြီးပြီးကတည်း ဒီရွာနားမှာ ရပ်ထာတာပါ။ လေယျဉ်ပျံအသံက မကောင်းဘူး။ စက်နစ်လုံရှိတယ်။ တလုံးမှမလည်ဘူး။ ရုရှားပိုင့်လော့ မောင်းဆိုတော့ ဗမာကောင်လေးတက်မောင်းတယ်။ လေယျဉ်ပျံက ကျမ ဘကြီးချောင်းဆိုသလိုပဲ။ တဟွတ်ဟွတ်နဲ့  တက်သွားတယ်။ နောက်တော့ မူလီတွေမရှိတော့တဲ့အတွက် တောင်ပံတဖက်ပြုတ်သွားတယ်။ နောက်တော့ ပြုတ်ကျတယ်။ သေသွားတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး။
ကလေးငယ်- ဒီလေပျံက ကျနော်မောင်းတုံးက အကောင်း။ သူတို့ မောင်းမှာ ပျက်ကျသဗျ။
မီးသတ်- ဟေ့ကောင်တွေ မီးသတ်က စက်နိုးလို့ မရဘူး ။ လာဝိုင်းတွန်းဦးလေကွာ။
ရုရှ ရွာသူ အမျိုးသမီးကြီး - ရွာထဲက ဘောဒကာ ဆိုင်မှာ လူတွေ ပြောနေတယ်။ ရုရှားတွေ နအဖနဲ့ ပေါင်းမိလို့ အကုသိုလ်ဝင်တာလို့  ပြောနေကြတယ်။
သတင်းကြေညာသူအမျိုးသမီ (နှစ်)- ဗမာပြည်မှာရှင်တို့ သူငယ်ချင်းတွေရှိရင်ပြောကြပါ။ လေယျဉ် ပျံ တော့မောင်း တာတို့ လေယျဉ်မယ်တို့  လုပ် မစားကြပါနဲ့ ရှင်၊ နွားလည်သာမောင်းစား ကြပါ ။ ဂုဏ်မငယ်ပါဘူး။ ကိုယ်အသက်ထက်ကိုကိုယ်သမျှောရင်ပေါ့လေ။
( ဗိုလ်လောင်မောင်မောင်ဖွန် (ခ) ဖွန်မနှော်စကီးက ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။ )
http://komoethee.blogspot.com/






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment