နေ့သစ်
ကရင်ပြည်နယ် မြဝတီမြို့ အနီးအနားဝန်းကျင်မှာ ဒီနေ့ မွန်းလွဲ ၂  နာရီလောက်က လက်နက်ကြီး ပေါက်ကွဲသံတွေ ကြား နေရပါတယ်။  လက်နက်ကြီးပေါက်ကွဲသံတွေကို ထိုင်းနိုင်ငံဘက်ခြမ်း မဲတော်ရွာထဲကပင်  ကြားခဲ့ရပါတယ်။
မတ်လ ၁၆ ရက်နေ့ ညပိုင်းကစလို့ မြဝတီမြို့ခံတွေဟာ မြို့ထဲနဲ့ အနီးအနားက  တောင်ကုန်းတွေမှာ စစ်တပ်တွေ နေရာ ယူ အလုပ်ရှုပ်နေတာကိုမြင်ပြီး တိုက်ပွဲတွေ  ဖြစ်လာမှာစိုးတဲ့အတွက် အသင့်ပြင်ထားကြပါတယ်။ ၁၇ ရက်နေ့ မနက်မှာ မြို့ထဲမှာ  လူရှင်းနေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားတယ်လို့ ကြားသိရပါတယ်။
အခြေအနေကို မြဝတီမြို့ခံတဦး ရှင်းပြတာက …
“အခြေအနေတွေက နေ့ဖြစ်မလား ညဖြစ်မလား သတင်းတွေကတော့ ကြား ကြားနေရတာပဲ  ကျမတို့လည်း အသင့်ပြင် ထားတယ် အခုက မိုးရွာပြီး ရာသီဥတုက အေးနေတော့  အလွယ်တကူရှောင်းပုန်းလို့ မဖြစ်နိုင်ဘူးလေ။ ရှောင်လို့ရမယ် ကုန်းတွေကိုလည်း  စစ်တပ်တွေ ရဲတွေက နေရာယူထားတော့ ပုန်းစရာနေရာက မရှိတော့ဘူး။ ခု  ပြောနေရင်းနဲ့ကို လက် နက်ကြီးကွဲသံတွေ ကြားရတယ် အားလုံပေါင်း ၆  လုံလောက်ရှိပြီ။ မြဝတီမှာ မနေ့က တိုက်ပွဲတွေဖြစ်မယ်ဆိုလို့ ကြက်ဥ ဈေးတွေပါ  တက်ကုန်တယ် အရင်က တလုံး ၁၀၀ ကနေ ခု ၁၅၀ ဖြစ်သွားပြီ။ တချို့လူတွေက  မဲဆောက်ကို ပြေးကြ တယ်။ မနေ့ကစလို့ မတ်လ ၂၀ နေ့အထိ တိုက်ပွဲတွေ  ဖြစ်လာနိုင်တယ်လို့ ကြားထားတယ်လေ။ ကျမတို့ကတော့ ပြေး စရာမရှိတော့ ဒီလိုပဲ  နေရမှာပဲ” လို့ ပြောပြသွားပါတယ်။
ဒီကေဘီအေ တပ်ဖွဲ့ဘက်က မတ်လ ၁၆ ရက်နေ့ ညကတည်းက မြဝတီမြို့ထဲက နအဖ  တပ်တွေကို ဝင်တိုက်မယ်လို့ သတင်းကြားထားတဲ့ အတွက် ဒီနေ့မနက်မှာ နအဖ တပ်က  ဒီကေဘီအေ တပ်တွေရှိနိုင်တဲ့ နေရာတွေကို လက်နက် ကြီးနဲ့  လှမ်းပစ်နေတာဖြစ်တယ်လို့ အမည်အဖေါ်လိုတဲ့ နယ်ခြားစောင့်တပ် ၁၀၂၂ မှ  တပ်မှူးတဦးက ဆက်သွယ် ပြောပြ သွားပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment