နိရဉ္စရာ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ပြုလုပ်နေသော ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွက် နအဖ တပ်မှ စစ်ကူများ ဆက်လက် ပေးပို့နေကြောင်း သတင်း ရရှိသည်။
မျက်မြင် ဒေသခံ တစ်ဦးက “ လွန်ခဲ့တဲ့ သုံးရက်ခန့်က အမ်းတပ်မက စစ်သား ၁၆၀ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းကို တက်သွားတယ်။ ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ကို ဘင်္ဂလာနယ် အတွင်းက ၀င်တိုက်မယ်ဆိုပြီး ခုလို တက်သွားတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဒေသမှာ သတင်းတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။
မျက်မြင် ဒေသခံ တစ်ဦးက “ လွန်ခဲ့တဲ့ သုံးရက်ခန့်က အမ်းတပ်မက စစ်သား ၁၆၀ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းကို တက်သွားတယ်။ ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ကို ဘင်္ဂလာနယ် အတွင်းက ၀င်တိုက်မယ်ဆိုပြီး ခုလို တက်သွားတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဒေသမှာ သတင်းတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။
ဆင်ကူးရီဗာ ခေါ် ရီကြိုင်ချောင်းဖျားတွင် တည်ရှိသော မော်တုတ်ကြီး ကျေးရွာမှ ပြောက်ကျားဟောင်း တစ်ဦးကလည်း“ ဗမာ စစ်သားတွေနယ်စပ်မှာ တက်နေတယ်။ ALP ကို ဖြတ်လေးဖြတ်စစ်ဆင်ရေး လုပ်နေတယ်လို့ ပြောတယ်။ ဗမာ စစ်သားတွေ ဘင်္ဂလာဒေခ်ျ့နယ်ထဲ ၀င်လာတာတော့ မကြားမိပါဘူး။ နယ်စပ် တလျှောက် လူပ်ရှားနေတာကိုတော့ တွေ့ရပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ပြောရေးဆိုင်ခွင့် ရှိသူ တွဲဘက် အတွင်းရေးမှူး ၂ ခိုင်သုခမှ ယခုကဲ့သို့ ဖြတ်လေး ဖြတ် စစ်ဆင်ရေး ပြုလုပ်နေခြင်းကို အတည်ပြု ပြောကြားခဲ့ပြီး ပါဝင်သော တပ်ရင်းများကို ယခုကဲ့သို့ ပြောသည်။
“ အဲဒီ တပ်ရင်းတွေကတော့ ခလရ ၃၄၊ ခလရ ၂၃၂၊ ခလရ ၂၈၉ နှင့် ခမရ ၅၈၀ တို့ ဖြစ်ကြပါတယ်။ သူတို့က အခုလက်ရှိ ဖြတ်လေးဖြတ် စစ်ဆင်ရေးကို ပြုလုပ်နေတာက အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
သို့သော်လည်း ယခုအခါ နအဖ တပ်မှ ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင်ပါ ဖြတ်လေးဖြတ်ကို တိုးချဲ့ ပြုလုပ်လာသည်။
“ အစပိုင်းမှာ အိန္ဒိယ- မြန်မာနယ်စပ်ဘက်မှာ ပြုလုပ်ခဲ့ပေမယ့် အခုတော့ ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းဒေသ ရေကြိုင်ချောင်းဘက်မှာလည်း လုပ်လာတာကို တွေ့ရတယ်။ ဒီဘက်မှာ ALP တပ်တွေ ရှိနေတော့ ဗမာ စစ်သားတွေ ဒီဘက်မှာလည်း ပိတ်ဆို့ရေး လုပ်လာတာ ဖြစ်ပါတယ်” ဟု မော်တုတ်ကြီးမှ ပြောက်ကျားဟောင်းက ပြောသည်။
ယခုကဲ့သို့ ဖြတ်လေးဖြတ်ဖြင့် စစ်ဆင်ရေး လုပ်နေသော်လည်း အဆိုပါ စစ်ဆင်ရေးမှာ မအောင်မြင်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရခိုင် တော်လှန်ရေး သမားများမှာ နယ်စပ် တလျှောက်တွင် ဟိုဘက် ဒီဘက် သွားလာ လူပ်ရှားနိုင်၍ ဖြစ်ကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment