နေ့သစ်

နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်တွေကို နအဖ ၀န်ကြီးချုပ် သိန်းစိန် ပြောတဲ့စကားက “မင်းတို့ တမင်းစားဖို့ ပန်းကန်၊ သောက်ဖို့ မတ်ခွက်တွေလိုတာ ကျုပ်အခုသိသွားပြီ။ ဒါတွေ ကို အဆင်ပြေအောင်လုပ်ပေးဖို့ ပြန်လိုက်အုန်းမယ်တဲ့” သူ နဲ့ပါလာတဲ့ တိုင်းမှူး က “သူက ၀န်ကြီးချုပ်လေ၊ ၀န်ကြီးချုပ်လေ” လို့ ခဏခဏ လူသိအောင်ပြောပြနေပုံလည်း ပြန်မြင် ယောင် နေမိပါတယ်။ ဖားရှာ၊ ငါးရှာ စားဖို့ ပြောရဲတဲ့ ဇာတ်ထဲက၀န်ကြီးတကောင်ကလည်း ရှိသေးတယ်။
ခပ်ရိုင်းရိုင်းပြောရရင် အခု အဲဒီ အသုံးမကျတဲ့ ၀န်ကြီးချုပ်က သမ္မတ ဖြစ်လာပြန်ပြီ။ သမ္မတ ဖြစ်တာ ကြာပြီ၊ အခုထက် ထိ သူ့ဝန်ကြီးအဖွဲ့ မကြေညာနိုင်သေးဘူး။ ဘာလုပ်မယ် မပြောရဲသေးဘူး။ စစ်တပ်က ပေးတဲ့ အမိန့်၊ သန်းရွှေ ပေးမဲ့ အမိန့်စောင့်နေတုန်းပဲ။ အမိန့်တွေစောင့်ခဲ့ရလို့လဲ နာဂစ်မှာ လူ သိန်းချီ သေဆုံးခဲ့ရတယ်။ အချိန်မီ မကယ်ဆယ်နိုင်ခဲ့ ဘူး။


မတ်လ ၁၁ နေ့ ဆူနာမီလှိုင်းဒဏ်နဲ့ ပြင်းအား ၈.၉ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်သွားပြီး နောက်ပိုင်း အခုဆိုရင် ဂျပန်နိုင်ငံ မှာ နယူးကလီးယား စက်ရုံပေါက်ကွဲတာတွေ ရေဒီယိုသတ္တိကြွတာတွေ ဓါတ်ရောင်ခြည် ယိုစိမ့်တာတွေ ဖြစ်နေပါတယ်။ ပြည်သူတွေ ဒုက္ခရောက်ပြီဆို၊ ခေါင်းရှောင်ပြီး မျက်နှာထွက်မပြရဲတဲ့ နအဖ စစ်အုပ်စုတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း၊ ဂျပန်မှာ မြန်မာပြည်သူတွေရဲ့ အခွန်ယူထားကြတဲ့ နအဖ သံရုံးပိတ်ပြီးထွက်ပြေးပြန်ပြီ။ တခြားနိုင်ငံ တွေရဲ့ သံရုံးတွေက သူတို့နိုင်ငံသားတွေကို ၂၄ နာရီ ၀န်ဆောင်မှုအပြည့်ပေးနေတာ တွေ့ရတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment