ဆုံဆည်းရာ၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်
သတင်း
ည (၈ နာရီ ၅ မိနစ်) နအဖ စကခ ၂ ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃ ရင်း ဗျူဟာမှူးတဦး ဦးအောင်တဲ့ အင်အား ၂၀၀ ကျော် ရှိသည့် နအဖ တပ်များနှင့် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁) တပ်ရင်းတို့ ယနေ့မနက် ၆ နာရီခွဲတွင်မူ မိုင်းအော့တ်အုပ်စု အရှေ့မြောက်ဘက် ၁၅ မိုင်အကွာမာ့ဟယ်ရွာ နှင့် ဟိုနမ့်ရွာအကြား မိနစ် ၃၀ ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ နှစ်ဘက်စလုံးသေကြေ ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရပါတယ်။
ည (၈ နာရီ) ယမန်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များနှင့် နအဖ စကခ ၂ လက်အောက်ခံ တပ်ရင်း ခလရ ၂၉၁ တပ်တို့ မိုင်းရှူးမြို့အဝင် မိုင်းအောတ်အုပ်စု နောင်ဟျိုးဘုန်းကြီးကျောင်းအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နအဖ တပ်သား ၁ ဦးသေ ၂ ဦး ဒဏ်ရာရရှိကာ သေနတ်တလက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
ည (၇ နာရီ ၄၉ မိနစ်) နအဖ ဘက်မှ ရှမ်းပြည်ဘက်တွင် တပ်အင်အားတိုးချဲ့ချထားလိုက်ကြောင်း သိရပါတယ်။ တိုးချဲ့ချထားတဲ့ နအဖ တပ်များကတော့ လားရှိုးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ (သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ) မိုင်းယော်အုပ်စု၊ မိုင်းကျက်အုပ်စုမှ တောင်ဖက် ဂွင် တန့်ယန်းမြောက်ဘက် လွယ်မော်နမ့်မူဆယ် ပါဖန် အုပ်စုအထိ နအဖ တပ်ရင်း ၅ ရင်း၊ နမ့်မူဆယ်၊ ပါဖန် အုပ်စုမှ (မိုင်းရှူးမြို့နယ်) တာ့ဝန်းနောင်း သံလွင်ကူးတို့ဆိပ်အထိ တပ်ရင်း ၄ ရင်း၊ သံလွင်မြစ် အရှေ့ခြမ်းမော်ဖှမှ မိုင်းလားထိန်း ချုပ်နယ်မြေ မိုင်းယောင်း၊ မိုင်း ယုအထိ တပ်ရင်း ၇ ရင်း ထပ်မံချထားမည် ဖြစ်ကြောင်း သိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment