http://www.rfa.org
၂၀၁၁ ခုနှစ် ပထမ ၄၅ ရက်အတွင်း မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ILO တိုင်ကြားမှုပေါင်း ၅၀ ရှိပြီး ပြီးခဲ့နှစ် အတွင်း တိုင်ကြားမှု စုစုပေါင်း ၃၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးစစ်သားအဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် အသက် ၁၆ နှစ် မပြည့်သေးသော မောင်ဆန်းဦးအား ၂၀ဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းလျက် ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ ၎င်း၏ အမှုကိုလည်း ILO သို့ တိုင်ကြားထားသည်။ (Photo: RFA)
အခုလို များပြားလာတာဟာ အဓမ္မခိုင်းစေမှုနဲ့ အရွယ်မရောက်သေးသူ ကလေးစစ်သား စုဆောင်းမှုတွေမှာ မြန်မာပြည်သူတွေအကြား အသိပညာ တိုးပွားလာမှုနဲ့ ရာနဲ့ချီရှိတဲ့ ကြားခံ ကူညီဆောင်ရွက်သူ စေတနာ့ဝန် ထမ်းတွေရဲ့ ကူညီမှုတွေကြောင့် ဖြစ်တယ်လို့ ရန်ကုန် ILO ရုံးက ပြောပါတယ်။
ဒီကူညီသူတွေဟာ ILO ရုံးက ကြီးမှူးကျင်းပတဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနဲ့ အသိပညာပေးရေး ဟောပြောပွဲတွေကို တက်ရောက်ခဲ့သူ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အဓမ္မ စေခိုင်းမှု ပပျောက်ရေး ILO နဲ့ အစိုးရအကြား သဘောတူထားတဲ့ လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကူညီသူတွေ ဖြစ်တယ်လို့ ရန်ကုန် ILO ရုံး တာဝန်ခံ Steve Marshall က ပြောပါတယ်။
“ဟုတ်ပါတယ်။ စေတနာ့ဝန်ထမ်းကူညီနေသူ ရာနဲ့ ချီပြီးရှိတယ်လို့ ပြောနိုင်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်ပိုင် အလုပ်အကိုင်နဲ့ ရှိသူတွေ ဖြစ်ပြီး သာမန် လူ့အသိုင်းအဝိုင်းမှာ ကိုယ်တာဝန်နဲ့ကိုယ် ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ ဒီအထဲကနေ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် အသိပညာ ဖြန့်ဝေပေးတာ၊ မှုခင်းဖြစ်ရင်း ဆက်သွယ် တိုင်ကြားပေးတာတွေ လုပ်ပါတယ်” လို့ သူက RFA ကို ပြောပါတယ်။
ILO ရဲ့ အဆိုအရ ၂၀၁၀ ပြည့်နှစ်အတွင်း ILO ကို ဆက်သွယ် တိုင်ကြားခဲ့တဲ့ အမှု ၃၀၀ ကျော်မှာ ၂၀၀ ခန့်ဟာ ကလေးစစ်သား စုဆောင်းခံရမှုတွေလို့ သိရပါတယ်။
ILO အရာရှိ Steve Marshall ကို RFA မှ ဦးကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment