http://ehkhaungthaunt.blogspot.com/
နှလုံးရောဂါရှိသူများ၊ ကြောက်တတ်သူများ မကြည့်ကြပါရန်။
DKBAကနေ BGF ပြောင်းသွားတဲ့ အရာရှိတယောက်ရဲ့ နောက်ဆုံး ဇတ်သိမ်းခန်း မှတ်တမ်းဗီဒီယို ဖြစ်ပါတယ်။ နာမယ်ကတေှာ့Saw Bo Lwe လို့ပဲ ခေါ်ပါတယ်။ ကြိုးတုတ်ပြီး ရက်ရက်စက်စက် အသတ်ခံရတဲ့ အသေးစိပ်အကြောင်းအရာနဲ့ သူ့ရဲ့ အကြောင်းအသေးစိပ်ကိုတော့ ဆက်လက် စုံစမ်းနေပြီး ရရှိလာတဲ့ အကြောင်းအရာတွေ အပေါ် မူတည်ပြီး ဆက်လက် ဖော်ပြ ပေးသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကရင့်အမျိုးသားတယောက်၊ လူသားတယောက် ဒီလို အသတ်ခံရတာတော့ စိတ်မကောင်းမိတာတော့ အမှန်ပါပဲ။
(အဲခေါင်သောင့်)
တောထဲမှာ အသတ်ခံရတဲ့သူကို ကြိုးတုတ် သတ်ဖြတ်ကြပြီး သူရဲ့ ယူနီဖောင်းပါ ချွတ်သွားတယ်လို့ အကြမ်းဖျင်း ယူဆလို့ရပါတယ်။ အသတ်ခံရတဲ့ သူရဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်မှုတွေ ရှိလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ ရှိပါတယ်။
ဆက်သွယ်မိသလောက် DKBAကနေ BGF ပြောင်းသွားသူတွေကို မေးကြည့်ပြန်တော့လည်း ပုံမမြင်ရလို့ အတည်ပြုဖို့ ခက်တယ်လို့ပဲ ပြောကြပါတယ်။ နောက်ပြီးတော့လည်း အက်တာနက်နဲ့ အလှမ်းဝေးနေကြတယ်လို့လည်း ပြောကြပါတယ်။
ယနေ့ DKBAကနေ BGF ပြောင်းသွားသူတွေ အများစုဟာ DKBA တံဆိပ် မချွတ်နိုင်သေးဘူးဆိုတာ ဒီဗီဒီယို မှတ်တမ်းက သက်သေပြနေပါတယ်။ DKBA တံဆိပ် ဗြောင်သုံးနေပါသေးတယ်။ BGF ယူနီဖောင်းတွေ ထဲမှာတင် DKBA တံဆိပ် တပ်ထားသေးတာကိုလည်း တွေ့ရပါတယ်။ DKBA/BGFလို့ တပ်ထားကြပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment