ပဒိုမန်းရှာလားဖန်းသည် ဧရာဝတီတိုင်း ပန်း တနော် မြို့နယ်သားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်(၇) ရက် အရေးတော်ပုံ ပေါ်ပေါက်ချိန်၌ ရန်ကုန်တက္က သိုလ်တွင် ကျောင်းတက်နေဆဲ ကျောင်းသားတစ်ဦး ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၅ ခုနှစ်တွင် ကရင်တော်လှန် ရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က KNU အထွေထွေ အတွင်းရေးမှုး ပဒိုစကောလယ် တောနှင့်အတူ တရုပ်ပြည် နယ်စပ် နှင့် ရှမ်းပြည်ဒေသများ သို့ကွင်းဆင်း စည်းရုံးရေး၌ လိုက်ပါခဲ့သည်။ ၁၉၇၅ ခုနှစ်၌ KNUP နှင့် KNU တို့ ပေါင်းစည်း ညီညွတ်ရေး လုပ်ပြီးချိန်၌ ညောင်လေးပင်ခရိုင်၌ တာဝန်ကျပြီး ခရိုင် တွဲဖက် အတွင်းရေးမှုး တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၆ - ၇၇ - ၇၈ )ခု နှစ်များတွင် KNLA တပ်မတော်နှင့်အတူ တသားထဲ နေထိုင်ခဲ့သည်။ (၂၀၀၀) ခုနှစ် KNU ကွန်ဂရက်မှ စတင်ကာ အထွေထွေ အတွင်းရေးမှုးအဖြစ် ရွေးချယ်ခြင်းခံရကာ လုပ်ကြံ ခံရချိန် (ယနေ့) အထိတာဝန် ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်၌ အဝေး ရောက် နေသော အင်္ဂလန်နိုင်ငံနေ ဇိုရာဖန်းအပါအ၀င် သားသမီး လေးဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူ နန့်ရွှေကျင်မှာ လွန်ခဲ့သော သုံးနှစ်ကျော်ကကွယ်လွန်ခဲ့ သည်။ ပဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် သို့စတင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင်သမိုင်းဘာ သာရပ်ဖြင့် ဘွဲ့ရရှိကာ ကရင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ် သည်။ ရန်ကုန် တက္က သိုလ်ရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဖြိုဖျက်ကာ ကျောင်းသားများကို နှိပ်ကွပ်သည့် ၁၉၆၂ ဆဲဗင်းဇူလိုင်နှင့် ကြုံခဲ့သည့် ပဒိုမန်းရှာသည်ရေဆန် ဟူသော က လောင်အမည်ဖြင့် စာများ ကဗျာများ ရေးသား ခဲ့သည်။
ပဒိုမန်းရှာရေးသားသည့် နာမည်ကြီးကဗျာတပုဒ်
သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။
ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊
လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊
မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊
သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။
ရေဆန်(ပဒိုမန်းရှာလာဖန်း)
www.ehkhaungthaunt.blogspot.com







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment