နော်အဲဏီ(ဖေဖေါ်ဝါရီ-၄)။ ။ မြန်မာစစ်အစိုးနှင့် ဒီကေဘီအေတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသည်မှာ (၃)လကျော်ကြာခဲ့ပြီးဖြစ်သည့် အတွက် ဒီကေဘီအေဘက်က ရေရှည်ရပ်တည်နိုင်ရန် စစ်အစိုးရတပ်ကို ရေရှည်တိုက်ခိုက်နိုင်ရန်အတွက် နည်း ဗျူဟာသစ်ကိုပြောင်းရမည်ဟု ဒီကေဘီအေ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင်က ပြောပါသည်။
![]() |
|---|
ရှေ့ဟောင်းနည်းအတိုင်း ဆက်ပြီးတိုက်ခိုက်နေမည်ဆိုလျှင် ဒီကေဘီအေတွေဘက်မှ ရေရှည်တွင် ထိခိုက်နိုင်မည်ဟုလည်းပြောသည်။
ဒီအေဘီအေဘက်တွင် စစ်အစိုးရတပ်ကသုံးသော လက်နက်အမျိုးအစားများမရှိတာကတစ်ကြောင်း၊ ပေါ်တာ အထမ်းသမားများမရှိတာကတစ်ဖုံ၊ ဒီကေဘီအေရှိသောနေရာကို နအဖတပ်များသိရှိပါက လက်နက်ကြီး များဖြင့် မရပ်မနားဖြစ်ခတ်မှုများကြောင့်လည်း ဒီအေဘီအေဘက်ကအားသာချက်ရအောင် အခြားနည်းဗျူဟာသုံးရခြင်း ဖြစ်ကြောင်း ဗိုလ်ဆန်းအောင်က ပြောပါသည်။
၎င်းကဆက်ပြီးတော့ ထိုင်းဘက်ခြမ်းကလည်း အကူအညီမပေးတဲ့အပြင် ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်း သွားလာခွင့်ပင်မပေးဟုဆိုသည်။
“လက်ရှိက သူက နအဖ လက်ကိုင်တုတ်ဖြစ်နေတဲ့ဘ၀မှာ ကျနော်တို့ကို အားပေးဖို့မပြောနဲ့၊ ဖြစ်နိုင်ရင် ကျနော်တို့ တော်လှန်ရေးကို ပပျောက်အောင် သူတို့လုပ်ရင်လုပ်အုံးမှာ” ဟု ဗိုလ်ဆန်းအောင်က ဆက်ပြော ပါသည်။
ဗိုလ်မှူးချုပ်စောလားပွယ်ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံသည့်အပြင် (၂၀၁၀)ခုနှစ်နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြ၀တီမြို့ကိုစီးနင်းသိမ်းပိုက်ခဲ့သည်။ မြန်မာစစ်အစိုးရတပ်ဖွဲ့များနှင့် ယနေ့တိုင် တိုက်ခိုက်နေသည့်ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment