http://www.naytthit.net
ဝေါ်လေနဲ့ ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့အင်းအား တွေဟာ ပြောက်ကျားနည်းကိုသုံးပြီး တိုက် ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ် တွေနဲ့ ပြောက်ကျားတိုက်ပွဲထိတွေမှုတွေ ရှိနေ ပါတယ်။
ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက်ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သေ့ဘောပိုးရွာနာမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျားတိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေးစခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူးကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီးနေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။
ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ထိတွေမှုတိုက်ပွဲပေါင်းအကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment