ဆုံဆည်းရာ၊ ၁၈ ရက် ဖေဖော်ဝါရီလ ၂၀၁၁
နံနက် (၉ နာရီ ၁၇ မိနစ်) ဝေါလေဒေသ၊ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင် တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိ တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်းမှ ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြ၀တီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။ (ကိုးကား - ကေအိုင်စီ)
နံနက် (၉ နာရီ ၁၂ မိနစ်) ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment