http://ehkhaungthaunt.blogspot.com/
နအဖ  ဖက်စစ် အကြမ်းဖက် တပ်တွေကို သုတ်သင် နှိမ်နှင်းပြီး ကရင်ပြည်ကနေ  မောင်းထုတ်နေသူ DKBA တပ်မဟာ ၅မှ ဗိုလ်မှူး စောစန်းအောင်ကို သူရဲ့ ခဏတာ  မအားမလပ်တဲ့ ကြားထဲကနေ ယနေ့ (ဖေဖော်ဝါရီလ  ၁၈ရက်နေ့) ညနေ ၈နာရီခွဲ  အချိန်မှာ ဖုန်းနဲ့ ဆက်သွယ်စကား ပြောဆို နိုင်ခဲ့ပါတယ်။အဆိုပါ ခဏတာ စကားပြောဆို နေချိန်အတွင်း  ကရင်လူထုများ၊ လွတ်မြောက်မှု လိုလားသူများနဲ့ တော်လှန်ရေး သမားများ  အားလုံးကို ဗိုလ်မှူးစန်းအောင်ကနေ အောက်ပါအတိုင်း တိုက်တွန်း အမှာ  စကားတချို့ ပြောဆိုသွားခဲ့ပါတယ်။
”လွတ်မြောက်မှုအတွက် တော်လှန်တိုက်ပွဲဝင်  နေတဲ့ တော်လှန်ရေးသမားများ အားလုံး တော်လှန်ရေးကို ဆက်လုပ်ကြပါ၊  တော်လှန်ရေးကို မလုပ်စားကြပါနဲ့ လို့ပဲ တော်လှန်ရေး သမားတွေ အားလုံးကို  မှာချင်တယ်။ ဒီစကားကို သတင်းတွေမှာ တင်ချင်တယ်ဆိုရင်လည်း အစ်ကို့နာမယ်နဲ့  တင်ပါ။ မှန်တာကို ပြောမှာပဲ။ မှန်ကန်ရင် ကွဲတယ်” ဟု တော်လှန်သူတွေ  အားလုံးကို ဗိုလ်မှူး စောစန်းအောင်က တိုက်တွန်း ပြောဆိုသွား ပါတယ်။
”နိုင်ငံတကာရောက် သွားကြသော်လည်း  ကိုယ့်လူမျိုး၊ ကိုယ့်တော်လှန်ရေးအတွက် မမေ့ကြပဲ ပြန်လည် လှည့်ကြည့်  ကူညီနေကြတဲ့ လူတွေကို အထူးပင် လေးစားမိပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေ  တာကလည်း အားလုံး မျက်နှာမငယ်ရအောင် အသက်ပေး တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်။  ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းနေပါစေ မမှုဘူး။ ကျနော်တို့ ဆက်ပြီး တိုက်ပွဲ  ၀င်သွားမယ်”ဟု နိုင်ငံတကာရောက် ကရင်ပြည်သူတွေကို ဗိုလ်မှူးစန်းအောင်က  ပြောဆိုသွားပါတယ်။
လက်ရှိ ဖြန့်ချိ ထုတ်ဝေနေတဲ့ ဒေါနမြေမှ  ဟစ်ကြွေးသံ တိုက်ပွဲ ဗီဒီယိုခွေအပေါ် ရန်သူအတွက် စစ်ရေး ပစ်မှတ်တွေ  ဖြစ်လာနိုင်မှာကို စိုးရိမ်နေသူများ အတွက်ကိုလည်း ဗိုလ်မှူး စောစန်းအောင်က  အခုလို ပြန်လည် တုန့်ပြန် ပြောဆိုသွားပါသေးတယ်။
”အဲဒီခွေနဲ့  ပါတ်သက်ပြီး ဘာမှမပူပါနဲ့။ ဖြန့်သာ ဖြန့်ပါ၊ ရန်သူက သူတို့နည်း  သူတို့ဟန်နဲ့ စစ်ရေး ရှိသလို ကျနော်တို့လည်း စစ်ရေးနည်းပရိယာယ်တွေ  အများကြီး ရှိတယ်။ ဒီခွေကို ထုတ်ဝေဖြန့်ချိ နေရတာကလည်း ကျနော်တို့  တော်လှန်ရေး တိုက်ပွဲဝင်နေတာကို လူတွေကို အသိပေးချင်လို့ပါ။ ကျနော်တို့  ကရင်တွေ တော်လှန်ရေး လုပ်တာ နှစ် ၆၀တောင် ကျော်နေပြီး မှတ်တမ်းတွေ  အရမ်းနည်းခဲ့တယ်။ တချို့လူတွေဆိုရင် ကရင်တော်လှန် ရေးကိုတောင် မသိကြဘူး။  နောက်ပြီး ရဲဘော်တွေ ဘယ်လောက် ဆင်းရဲ ပင်ပန်းလည်း ဆိုတာကိုလည်း  ပြစေချင်တာပါ”ဟု တုန့်ပြန် ပြောဆိုသွားပါတယ်။
အထက်ပါ  တိုက်တွန်းမှာကြားချက်တွေ အားလုံးဟာ မအားမလပ်တဲ့ ကြားကနေ အချိန်ပေးပြီး  မှတ်တမ်းဗီဒီယိုတွေ ထဲကလိုပဲ အာပေါင်အားရင်း သန်သန်နဲ့ ဗိုလ်မှူး  စောစန်းအောင် ဖုန်းထဲကနေ ပြောဆိုသွားတာ ဖြစ်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment