WFWW ၊
တနလာင်္နေ့မှာ လစ်ဗျားလေတပ်မတော်က လေတပ်ပိုင်းလော့ အရာရှိနှစ်ဦးဟာ ဂျက်တိုက်လေယာဉ်နှစ်စင်းကို မော်လ် တာ နိုင်ငံသို့မောင်းနှင်ပြီး၊ တပ်မတော်ကို စွန့်ခွာလာခဲ့ကြပါတယ်။ ဆန္ဒပြသူများကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခံရတဲ့အ တွက် အခုလို စွန့်ခွာလာခဲ့တာဖြစ်ကြောင်း မော်လ်တာအာဏာပိုင်များကို သူတို့နှစ်ဦးက ပြောကြားခဲ့တယ်လို့ အစိုးရတာ ၀န်ရှိသူများက ပြောကြပါတယ်။
ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ လေတပ်ပိုင်းလော့နှစ်ဦးဟာ လစ်ဗျားမြို့တော် Tripoli မှာ အခြေစိုက်တဲ့ လေတပ်စခန်းကနေ ထွက်ခွာလာခဲ့ကြတာပါ။ အရာရှိတဦးကတော့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။
ပိုင်းလော့အရာရှိနှစ်ဦးကို မော်လ်တာနိုင်ငံ ရဲအဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့တော် Benghazi မှာ ရှိတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူများကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခံရပြီး နောက်ပိုင်းမှာ မော်လ်တာနိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သူတို့နှစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ မော်လ်တာနိုင်ငံကို လစ်ဗျားနိုင်ငံကနေ ပြင်သစ်မှတ်ပုံတင် ရဟတ်ယာဉ်နှစ်စီး နဲ့ ဆင်းသက်ရောက်ရှိလာကြတဲ့ ခရီးသည် ခုနစ်ဦးကိုလဲ ရဲအဖွဲ့က စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။
ဒီရဟတ်ယာဉ်တွေဟာ လစ်ဗျားလေကြောင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မပါပဲ လစ်ဗျားနိုင်ငံကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံသားလို့ ဆိုကြတဲ့ ခရီးသည်ခုနစ်ဦးအနက် ခရီးသည်တဦးတည်းမှာပဲ နိုင်ငံကူးလက်မှတ် ပါရှိလာပါ တယ်။
ပြင်သစ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူကတော့ သတင်းအချက်အလက်တွေကို လေ့လာစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် ချက်ချင်းအတည်မပြုပေးနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
တနလာင်္နေ့မှာ မြို့တော် Tripoli ကို ပထမဆုံး ပျံ့နှံ့ရောက်ရှိလာခဲ့တဲ့ လူထုတိုက်ပွဲတွေဟာ အခုဆိုရင် လစ်ဗျားနိုင်ငံကို နှစ်လေးဆယ်ကြာ အုပ်ချုပ်ခဲ့တဲ့ လစ်ဗျားခေါင်းဆောင် Muammar Gaddafi ကို ခြောက်လှန့်နေပြီ ဖြစ်ပါတယ်။
http://www.naytthit.ne








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment