http://www.niknayman-niknayman.co.cc/
နအဖ သန်းရွှေက ချီးမြှောက်တော်ကောက်လိုက်တဲ့ သိန်းစိန်ရဲ့  သမတ လစာဟာ မြန်မာနိုင်ငံအနေနဲ့  ကြည့်မယ်ဆိုရင် တိုင်းသူပြည်သားတွေ ဆင်းရဲမွဲတေနေပြီး နိုင်ငံလည်း ချွတ်ခြုံပြာကျနေတဲ့ အခြေအနေနဲ့  မလိုက်အောင် ပေးထားတာ တွေ့ ရပါမယ်။

သိန်းစိန်ကို သမတအဖြစ် လစဉ် ကျပ်ငွေ သိန်း (၅၀) ပေးပါမတဲ့ဗျာ။ တရားဝင် ငွေလဲနှုန်း တွက်ရင်တောင် သိန်းစိန်ကို သမတအဖြစ် ပေးမယ့် တစ်လစာ လစာဟာ အမေရိကန် ဒေါ်လာငွေ (၈) သိန်းကျော် ရှိနေပါတယ်။ ဒီ နအဖ သမတတွေ ဒုသမတတွေအတွက် ပေးနေမယ့် လစာတွေဟာ တကယ်တမ်းမှာ သန်းရွှေအိတ်ထဲကလည်း မဟုတ်ပါဖူး။ တိုင်းသူပြည်သားတွေ ပိုင်ဆိုင်တဲ့ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေ တစ်နည်းပြောရရင် နိုင်ငံတော်က ပေးပါတယ်ဆိုနေကြတဲ့ နိုင်ငံပိုင်ငွေတွေပါ။ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ အိတ်ထဲကနေ သိန်းစိန်ကို ထုတ်ပေးနေတာ မဟုတ်ပါဖူး။ နောက်ဆုံးကြတော့ တိုင်းပြည်က ပြာကျ သန်းရွှေတို့  သိန်းစိန်တို့  မိသားစုတွေ အခြေကျ ဖြစ်နေပါတယ်။
သိန်းစိန် ရရှိမယ့် သမတ လစာဟာ ပုလင်းတူ ဗူးဆို့  စင်ကာပူနိုင်ငံ ၀န်ကြီးချူပ်လို ဖြစ်နေပါတယ်။ သိန်းစိန်ရဲ့  သမတ လစာဟာ စင်ကာပူနိုင်ငံက ၀န်ကြီးချူပ်ရဲ့  လစာပြီးရင် ကမ္ဘာပေါ်မှာ အများဆုံးလစာ ဖြစ်နေပါတယ်။

ကမ္ဘာမှာ တိုးတက်ဖွံ့ ဖြိုးပြီး ချမ်းသာကြွယ်ဝနေကြတဲ့ နိုင်ငံကြီးတွေရဲ့  ခေါင်းဆောင်တွေတောင် တိုင်းသူပြည်သားတွေက တိုင်းပြည်က သင့်တင့်ထိုက်လျော်စွာ ပေးတဲ့ သမတလစာ ၀န်ကြီးချူပ်လစာဟာ သိန်းစိန်တို့ ရဲ့  သမတလစာနဲ့  အင်မတန်ကွာခြားလှပါတယ်။

ဒီလောက်များပြားလွန်းလှတဲ့ သမတ လစာဟာ သိန်းစိန်အတွက်တော့ တစ်နေ့ စာ မုန့် ဖိုးလောက်ဘဲ ရှိနေမှာပါ။ တိုင်းပြည်ရဲ့  သယံဇာတတွေ၊ တံစိုးလက်ဆောင်ပစ္စည်းတွေ၊ ထင်ရာစိုင်းပြီး လုပ်ကိုင်ခွင့်ရနေတဲ့ စီးပွားရေး လုပ်ငန်းတွေ အစရှိတဲ့ ပြည်သူ့ ဘဏ္ဍာတွေကို တရားဝင် ခိုးယူပိုင်ခွင့်ရှိနေသူတွေအတွက် လစာဆိုတာ မက်မောစရာ မရှိပါဖူး။

တကယ်တော့ သမတ လစာဆိုတာ သိန်းစိန်တို့ အတွက် ဆင့်ပါးစပ် နှမ်းပက်တာလောက်ဘဲ ရှိပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့  ဆင်းရဲငတ်ပြတ် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘ၀တွေ ချွတ်ခြုံကျ ဆင်းရဲခေါင်းပါးနေရတဲ့ မြန်မာနိုင်ငံကြီးရဲ့  အနေအထားတွေနဲ့  ကြည့်ရင်တော့ သန်းရွှေတို့  သိန်းစိန်တို့ ဟာ တိုင်းသူပြည်သားတွေကို ဂုတ်ခွစီးပြီး လည်မြိုကသွေးကို စုပ်ယူစားသုံးနေတဲ့ မကောင်းးဆိုးရွား ဖုတ်ကောင်တွေရဲ့  စည်းစိမ်ယစ်မူးကာ အခွင့်ထူးရနေကြတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အတွက် ဒီ လစာငွေလောက်ကတော့ မမက်လောက်ပေမယ့် အခွင့်ထူး ခံပြီးရင်း ခံနေကြတာဘဲ ဖြစ်ပါတယ်။
တိုင်းပြည်ကြီးကတော့ မွဲပြာကျ၊ သိန်းစိန်တို့ အာဏာရူးတွေကတော့ သူခိုးရွှေရ တစ်မြမြ ဖြစ်နေပါတော့တယ်။
ပြည်သူ့ ဘဏ္ဍာငွေနဲ့  အခွင့်ထူးခံကာ သိန်းချီသော လစာရနေကြသူများ ဖြစ်ပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment