ကော့ကရိတ်အနီး မြဝတီ ဘားအံကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဘက်က ဒီကနေ့မနက် ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကတော့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ဘက်က ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ အရှင်ဖမ်းမိလာတဲ့ ရဲတွေကိုလည်း ပြန် လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင်း ဒီကနေ့ ကားတန်းအတက်ရက်ဖြစ်နေတဲ့အတွက် မြဝတီဘက်ကိုလာမယ့် ကုန်သည်ကားတွေဟာ ကော့ကရိတ်မှာပဲ သောင်တယ်နေတယ်လို့ ကုန်သည်တွေက ပြောနေကြပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ် ၉၀၈၊ ၉၀၁ တပ်ရင်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ တိုက်ခိုက်မှု ၅ ကြိမ် တိုက်ခိုက် ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ ဘားအံ ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်းထိ ဖြစ်ပွားခဲ့ပါတယ်။
မနေ့က ညနေ လေးနာရီခွဲလောက်မှာလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားညာဘက်ခြမ်း ရွှေတံတား တည်းခိုခန်းအနီး က လက်ဖက်ရည်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတ ယောက်နဲ့ အမျိုးသားတ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့အထဲမှာ နယ်ခြားစောင့် တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂ ယောက်၊ ရဲ ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာ ခုထိ မသိရှိရသေးပါဘူး။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment