http://www.ninedeblood.blogspot.com/
DKBA, KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မိမိတို့လှုပ်ရှားနေတဲ့ ယာယီစခန်းထဲကနေ
နအဖတပ်ဖွဲ့တွေကို နေရာဖယ်ပေးပြီး ဗျူဟာသစ်ပြောက်ကျားနည်းနဲ့ စနိုက်ပါပြောက်ကျား
နည်းတွေကို ထိထိမိမိ တန်ပြန်အသုံးချနိုင်တဲ့အတွက် ဝေါ်လေ၊ ဖလူးတိုက်ပွဲစတင်ခဲ့တဲ့
၂၀၁၀၊ နိုဝင်ဘာ(၇)ရက်နေ့မှ ၂၀၁၁၊ဇန်န၀ါရီလကုန်အထိ တိုက်ပွဲပေါင်း (၈၅)ကြိမ်
ဖြစ်ပွားခဲ့ပြီး နအဖတပ်ဖွဲ့မှ စုစုပေါင်း ၆၃၃ ဦးထိခိုက်သေကြေခဲ့ပါတယ်။
ထိုအထဲမှာ အသေ ၂၄၄ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၈၉ ယောက်ဖြစ်ကြောင်း
ဒီကေဘီအေ မှတ်တမ်းအရ သိရှိရပါတယ်။
ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ်အငိုက်ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သေ့ဘောပိုးရွာနာမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျားတိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေးစခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူးကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီးနေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။
0 kommentarer:
Post a Comment