http://www.naytthit.net
မနေ့က ထိုင်း-ကမ္ဗောဒီးယားနယ်စပ်မှာ စစ်ကားတွေဒါဇင်ကျော်တပ်ဖြန့်တော့မှာဖြစ်လို့ တချို့ရွာသားတွေက ထောက် ခံအားပေးတဲ့အနေနဲ့ ဝှေ့ယမ်းကြိုဆိုခဲ့ကြပါတယ်။ ဖူးမ်ဆရွန်ရွာ ထွက်ပြေးခဲ့ရတဲ့ ရွာသားတွေကတော့ ဒီတိုက်ပွဲတွေ အဆုံးသတ်ကြဖို့ ဒေါသတကြီး တောင်းဆိုကြပါတယ်။ မနေ့ မနက်အစောပိုင်းက ကန်သာလာလတ် ခရိုင်ကို တင့် ကားတွေ ရောက်လာပါတယ်။
“ဒါ အာရှမှာ အကောင်းဆုံးတင့်ကားတွေပဲ” လို့ စစ်သားငယ်တဦးက နေရှင်းသတင်းစာကို ခပ်ကြွားကြွားနဲ့ ပြောဆိုပါ တယ်။ နောက် ၄နာရီလောက်အကြာမှာ ဖူးမ်ဆရွန်ရွာသားတွေရောက်လာပြီး ငြိမ်းချမ်းရေးတောင်းဆိုတဲ့ စာသားတွေ ရေးထားတဲ့ ကဒ်ပြားတွေကိုင်ဆောင်ပြီး ဒေါ်သတကြီး ဆန္ဒပြကြပါတယ်။ သူတို့ဟာ ရွာကနေပြောင်းရွှေ့သွားရပြီး နေ ပူကြဲကြဲအောက်က တဲတွေမှာ မသက်မသာ နေထိုင်နေကြတာ တပတ်လောက်ကြာပြီဖြစ်ပါတယ်။ သူတို့ဟာ နောက် ထပ် ဒုက္ခတွေမခံစားချင်တော့ပါဘူး။ “ကျနော်တို့ ငြိမ်းချမ်းရေးပဲ လိုချင်တယ်၊ ပဒဖ ကို မလိုချင်ဘူး” လို့ အလံကိုင် တဦးက ပြောပါတယ်။ သူတို့ ထပ်အလည်လာမယ်ဆိုရင် ချမ်လောင်းလို ပဒဖ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို ရွာ သွားတွေအနေနဲ့ အာမခံမှာ မဟုတ်ဘူးလို့ သူတို့ခေါင်ဆောင် ၀ိဆစ်ဒူအန်ကယော့က်က ဆီဆခက်ပြည်နယ် အုပ် ချုပ်ရေးမှူးကို ပြောပါတယ်။
“ဒါတွေအားလုံးက ချမ်လောင်းလိုလူတွေကြောင့်ဖြစ်တာ၊ သူလာရင် ကျနော်တို့ ဒုက္ခဆက်ရောက်အုန်းမှာပဲ”။ ဒုအုပ် ချုပ်ရေးမှူးက ပဒဖ ခေါင်းဆောင်တွေ သူတို့သဘောထား ပြောင်းသွားပြီဆိုတာ သူကြားတယ်လို့ ပြောလိုက်ပြီး ရွာ သားတွေ စိတ်အေးအောင် ကြိုးစားနေပါတယ်။








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment