http://www.rfa.org/burmese/
လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတဲ့ လစ်ဗျားအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။
လစ်ဗျားနိုင်ငံတွင် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အစိုးရအဖွဲ့ ခေါင်းဆောင်များအား ဒဏ်ခတ် အရေးယူသည့် ဆုံးဖြတ်ချက်ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကန့်ကွက်သူမရှိ ချမှတ်ခဲ့ပါသည်။ (UN Photo/Evan Schneider)
လစ်ဗျားအစိုးရရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာမှာ လိုက်နာကျင့်သုံးရမယ့် နှုန်းစံအားလုံးကို ချိုးဖောက်နေတယ်၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက် နေတယ် ဆိုတာ ထင်ရှားနေပါတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
အခု ဆုံးဖြတ်ချက်အရ လစ်ဗျားအစိုးရခေါင်းဆောင်တွေရဲ့ ငွေကြေးပစ္စည်းပိုင်ဆိုင်မှုတွေကို ထိန်းချုပ် လိုက်ပြီး လစ်ဗျားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဆန္ဒပြပြည်သူတွေ အပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ကိစ္စကို ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်း စစ်ဆေးဖို့လည်း သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။
ဒီဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မိမိတို့အချုပ်အခြာနယ်မြေပိုင်နက် အတွင်းက လစ်ဗျားခေါင်းဆောင်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုနဲ့ စီးပွားရေး အရင်းအမြစ်အားလုံးကို အချိန်မဆိုင်းဘဲ ထိန်းချုပ်ကြရမှာပါ။ ဒါ့ပြင် လစ်ဗျားသမ္မတ မွမ်မာဂဒါဖီရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတချို့ အပါအဝင် လစ်ဗျားအစိုးရ ထိပ်တန်း အရာရှိတွေကို ခရီးသွားလာခွင့် ကန့်သတ်ဖို့လည်း ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။
လစ်ဗျားဟာ ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး လစ်ဗျားနိုင်ငံတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးရာမှာ ICC နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း လုံခြုံရေးကောင်စီက အမိန့် ချမှတ်လိုက်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment