
လစ်ဗျားနိုင်ငံတွင် ၄၁ နှစ်ကြာ အာဏာရယူထားသူ ဗိုလ်မှုးကြီး ကဒါဖီ ကို ၅ ရက် ဆက်တိုက် ဆန္ဒပြ နေကြပြီး ရဲများရဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် လူ ၁၀၄ ဦးအထိ သေဆုံးခဲ့သည်ဟု Human Rights
Watch အဖွဲ့ အတည်ပြု ပြောဆိုသည်လစ်ဗျားနိုင်ငံ ဒုတိယမြို့တော် ဘန်ဟာဇီ တွင် ဆန္ဒပြပွဲအတွင်း ရဲများလက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ အသုဘ အခမ်းအနား စုဝေးလာကြတဲ့ လူထုကို စနေနေ့က မိုက်မိုက်ရိုင်းရိုင်း ထပ်မံ ပစ်ခတ်ပြီး အလောင်းများ နောက်ထပ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဘန်ဟာဇီမြို့ ဆေးရုံမှ ဆရာဝန်က ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၈၅၀ ကျော် ဒဏ်ရာ ရထားသည်ဟု အယ်လ်ဂျားဇီးယား ရုပ်သံကို ပြောခဲ့သည်။

လစ်ဗျားအာဏာရှင် ကဒါဖီ မှာ မကြာခင်က အီဂျစ်လူထုဖြုတ်ချလိုက်တဲ့ မူဘာရခ် ထက် ဆယ်စုနှစ် တစ်ခုကျော် ပိုအာဏာကိုင်ထားနိုင်သူဖြစ်ပြီး၊ မူဘာရခ်ထက် ပိုရက်စက်ယုတ်မာ အကြင်နာကင်းမဲ့ လူစိတ်မရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။
မြောက်အာဖရိက နိုင်ငံတစ်နိုင်ဖြစ်တဲ့ လစ်ဗျားမှာ ရေနံဖြင့် ချမ်းသာ ကြွယ်ဝသော်လည်း အထီးကျန် ရသေ့ နိုင်ငံဖြစ်နေပြီး ဆယ်စုနှစ်များ စွာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ခံ ထားရသည်။ အသက် ၃၀ အောက် အလုပ်လက်မဲ့ လူငယ်ထုက ကဒါဖီရဲ့ အုပ်ချုပ်မှုနဲ့ ဇိမ်ယစ်မှုကို ငြီးငွေ့စိတ်ပျက်နေသည်မှာ ကြာပြီ။ တူနီရှားနဲ့ အီဂျစ် အောင်ပွဲစိတ်ဓာတ် များကို အားကျ အထုံကူးယူပြီးနောက် လစ်ဗျား လူထုက ယခုရက်ပိုင်း အတွင်း ကဒါဖီကို ပြတ်ပြတ်သားသား ဖြုတ်ချဖို့ လှုပ်ရှားလာခြင်း ဖြစ်သည်။
လက်ရှိအခြေအနေတွင် လစ်ဗျားအစိုးရက နိုင်ငံခြား သတင်းထောက်များ ၀င်ရောက်မှုကို လုံးဝ ပိတ်ပင်ထားပြီး၊ အင်တာ နက်လိုင်းများ ဖြတ်တောက်ပစ်လိုက်သည်။ ဘန်ဟာဇီ မြို့ ဆန္ဒပြသူ တစ်ဦးက “ဒိုင်ယာလော့ဂ် လုပ်ဖို့ သိပ်နောက်ကျ သွားပြီ ကဒါဖီ၊ သွေးပင်လယ်တွေ ဝေနေပြီ။ ပိုပြီး ရက်ရက်စက်စက် ချေမှုန်းလေ ကျူပ်တို့ ဆန္ဒပြသူတွေက ပိုပြတ်သားလေ ဆိုတာ ခင်ဗျား တွေ့ရမယ်။ ခင်ဗျား အစိုးရကို လုံးဝ အယုံအကြည်မရှိဘူး” ဟု အယ်လ် ဂျားဇီးယား ရုပ်သံကို အမည်မဖော်ဘဲ ဖုန်းကတဆင့် ပြောသွားသည်။
တူနီရှားနဲ့ အီဂျစ်တွင် လူထုအောင်ပွဲများ ရရှိသော်လည်း ယခု လစ်ဗျား၊ ယီမင်၊ အယ်လ်ဂျီးရီးယား၊ ဘာရိန်း အစိုးရများက သူတို့အာဏာ အသေအလဲ ဖက်တွယ်ထားနိုင်ရေးအတွက် ဆန္ဒပြသူများအပေါ် အကြမ်းဖက် နှိပ်ကွပ်တဲ့ နည်းလမ်းများကို ရွေးချယ်ခဲ့ကြသည်။ အမေရိကန် အစိုးရနဲ့ ဥရောပသမ္မဂနိုင်ငံများက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ကဒါဖီ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြသည်။
မောက္ခ နိုင်ငံတကာသတင်း Source: The New York Times






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment