http://komoethee.blogspot.com/2011/02/blog
မြန်မာပြည် အရေးပေါ်သတင်း အထူးထုတ်ပြန်ချက်
-WFWW-
၀၂.၀၄.၂၀၁၁
လူဦးရေ ၄.၇ သန်း ထူထပ်တဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း မှာ အင်အား ရစ်ချက်စတာ ၆.၄ ပြင်းထန်တဲ့ မြေငလျင်ဟာ အနက် ၈၈.၈ ကီလိုမီတာ ကနေ ဒေသစံချိန် ည ၁၀ နာရီ မှာ လှုပ်ခတ်သွားကြောင်း၊ အသေအပျောက်သတင်းနှင့် အပျက်အစီးသတင်း အတိအကျကို မသိရှိရသေးကြောင်းကမ္ဘာ့ သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (The Global Disaster Alert and Coordination System - GDAC) က အရေးပေါ်သတင်းထုတ်ပြန် ကြေညာသွားခဲ့ပါသည်။ ဒီ အင်အားပြင်းထန်သည့် မြေငလျင်ဟာ အိန္ဒိယ နှင့် မြန်မာနိုင်ငံ အကြားမှာ လှုပ်ခတ်သွားပြီး၊ လူနေအိမ် အမြောက်အများ၊ လမ်းမကြီးများ၊ တံတားများ ပြိုကျသွားနိုင်ကြောင်း သတင်းထဲမှာ ဖော်ပြထားပါသည်။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ နှင့် လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများ အမြင့် ဆုံး အနေအထားမှာ အဆင်သင့် ပြင်ဆင်ကြဖို့ တိုက်တွန်း ထားကြောင်း သိရှိရပါသည်။
ပြည်တွင်းမှာကြုံတွေ့နေရတဲ့ အပျက်အစီးသတင်းနှင့် အသေအပျောက် သတင်းများကို ပို့ပေးကြပါ။ ဆက်လက်ဖော်ပြသွားပါမည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment