http://www.niknayman-niknayman.
ကျွန်မက ကိုနစ်နေမန်းရဲ့ ဘလောဂ့်ကို အမြဲဖတ်ရှု့အားပေးနေတဲ့ ပရိတ်သတ်တယောက်ပါ။ ဥက္ကံမြို့က မောင်အေးကို အမှု့အကြောင်း ကြားရတော့ ကျွန်မသူငယ်ချင်းပြောပြတဲ့ သူရဲ့  ယောက်ျားအကြောင်း တကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်ကို သွားသတိရလိုက်လို့ပါ။
ပြောပြတာတော့ ၂လ လောက်တော့ ရှိပါပြီ။ ကျွန်မ သူငယ်ချင်း အမျိုးသမီးရဲ့  ယောက်ျားအကြောင်းပါ။
သူရဲ့ ယောက်ျားက cctv တွေ လိုက်တတ်တဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂) လလောက်က နေပြည်တော်က စစ်အစိုးရရုံးတွေမှာ cctv သွားတပ်ရမယ်ဆိုပြီး၊ အိမ်က လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်း (၄) ယောက် ထွက်သွားပါတယ်။
နေပြည်တော်ကို ရောက်တဲ့အခါမှာ သူ့ယောက်ျားအလောင်းကိုရော တခြားသူတွေ အလောင်းကိုပါ လုံးဝ မတွေ့ခဲ့ရဘူး။ အဲ့ဒီ ဖုန်းဆက်ပြောတဲ့ နေပြည်တော်က တာဝန်ရှိသူတွေက သူတို့ ချက်ချင်းဘဲ သင်္ဂြိုလ် လိုက်တယ်လို့ ပြောပါတယ်။
အဲဒီတော့ သူငယ်ချင်းအမျိုးသမီးက ဘာလို့ ချက်ချင်းသဂြိုလ်ရတာလည်းပေါ့နော် မေးတော့၊ ထုံးစံအတိုင်း ဗျောင်လိမ်ဗျောင်စား သူတို့ပါးစပ်က ထွက်တဲ့ အရပ်စကားတွေနဲ့..လျှောက်ပြောပါတယ်။ သေဆုံးရမှု ချက်ခြင်းသဂြိုလ်ရတဲ့ အကြောင်းရင်းကို မပြောပြပါဖူး။
အဲဒါဆို သူတို့ စီးလာတဲ့ကားရော ကြည့်ချင်တယ်ဆိုတော့ ကြည့်လို့ မရဘူးလို့ ပြောပါတယ်။ ကားမှောက်တယ်ဆိုတဲ့ နေရာမှာလည်း ဘာမှ အစအနတောင် မတွေ့ရပါဘူးတဲ့။ နောက်ဆုံးမှာ အကြောင်းရင်းဖြစ်ပျက်မှုကို မသိရဘဲ ကားမှောက်သေသွားတယ်၊ သူတို့ ဖာသာ ချက်ချင်းသဂြိုလ်လိုက်တယ်ဆိုတာဘဲ သိရပြီး ပြန်လာခဲ့ရပါတယ်။
လူ (၄) ယောက်လုံး အသက်ဆုံးရှုံးသွားတာကို နောက်ကွယ်မှာ မရိုးသားသော ဖုံးကွယ်မှုတွေ ရှိနေတယ်ဆိုတာ၊ နေပြည်တော်က တာဝန်ရှိသူတွေဟာ ဒီကိစ္စကို တစ်စုံတစ်ရာအကြောင်းတွေနဲ့  ဖုံးဖိထားတယ်ဆိုတာ ဥပဒေအရဘဲကြည့်ကြည့် သာမန်အနေနဲ့ ဘဲကြည့်ကြည့် မသင်္ကာစရာတွေ ရှိနေသလို၊ နေပြည်တော်မှာ လျှို့ ဝှက်ဖုံးကွယ်ထားတဲ့နေရာတွေမှာ သွားရောက်အလုပ်လုပ်ပေးရတဲ့သူတွေအတွက် အသက်အန္တရာယ် ထိခိုက်စေနိုင်တယ်ဆိုတဲ့ အနေအထားတွေ ရှိနေတယ်လို့  သုံးသပ်ရကြောင်း သိရပါတယ်။
ကားမှောက်သေသွားကြတယ်လို့  အကြောင်းပြတယ်၊ ပြီးတော့ ချက်ချင်း သဂြိုလ်ပစ်တယ်၊ မှောက်တဲ့ကားလည်း မမြင်တွေ့ ရ၊ ကားမှောက်တယ်ဆိုတဲ့ နေရာတစ်ဝိုက်မှာလည်း သတင်းအစအန မရှိ ကားမှောက်ထားတဲ့အစအနလည်း မတွေ့ မြင်ရနဲ့  မို့  သူငယ်ချင်းအမျိုးသမီးရဲ့  ယောက်ျားအပါအ၀င် လူ ၄ ဦး သေဆုံးရတာဟာ သေဆုံးတယ်ဆိုတာထက် မသင်္ကာဖွယ် အသတ်ခံရတယ်လို့  သံသယ ရှိစရာပါ။
ဒီတော့ နေပြည်တော်က cctv လုံခြုံရေးကင်မရာတွေ လာရောက်တပ်ပေးဖို့  ဖုန်းဆက်ခေါ်ဆိုတဲ့ နေပြည်တော်က တာဝန်ရှိသူတွေ ခိုင်းစေတပ်ခိုင်းတဲ့ cctv ကင်မရာတပ်ရတဲ့ နေရာတွေဟာ လူသိမခံတဲ့ လျှို့ ဝှက်နေရာတွေ ဖြစ်နေပြီး၊ အဲ့ဒီ လျှို့ ဝှက်နေရာတွေအကြောင်း သတင်းပေါက်ကြားမှာစိုးလို့  အလုပ်ပြီးစီးတဲ့အခါမှာ နေပြည်တော်က တာဝန်ရှိသူဆိုသူတွေက သူငယ်ချင်းရဲ့  ယောက်ျားအပါအ၀င် အလုပ်သမား ၄ ယောက်လုံးကို နှုတ်ပိတ်ရှင်းပစ်လိုက်တာ ဖြစ်နိုင်ခြေရှိကြောင်း ကာယကံရှင်တွေရဲ့  မိသားစုတွေထဲက သုံးသပ်ပြောဆိုကြပါတယ်။
ဒီအဖြစ်အပျက်ဟာ တော်တော် ယုတ်မာ ပတ်စက်တာပါ ကိုနစ်ရေ။ အဲဒီ သူငယ်ချင်း အမျိုးသမီးဟာ မွေးခါစ လသားခလေးလေးနဲ့ ကျန်ခဲ့ရပါတယ်။ စိတ်မကောင်းဖြစ်မိတယ်။
အဲဒီလို လူမသိ သူမသိ ယုတ်မာခံရတဲ့ အမှု့တွေ ဗမာပြည်မှာ မရေမတွက်နိုင်အောင် ရှိနေဆဲပါ။ အခုလည်း ကိုအေးကို အမှု့အကြောင်း ဖတ်ရတာ စိတ်မကောင်း ဖြစ်မိတယ်။ သူတို့ဘက်က မရိုးမသားလုပ်တယ်ဆိုရင် သူတို့ကိုယ်တိုင် ပါဝင်ပတ်သတ်နေလို့ဘဲလေ။ အဲဒီ ဥက္ကံရဲစခန်းမှူး ဗျက်ဆန်းဆိုတဲ့သူပြောတဲ့ အရပ်စကားမပြောပါနဲ့ ဆိုတာ သူတို့ တာဝန်ရှိသူတွေကိုယ်တိုင် ပြောနေတာလေ။ အဲဒီလို ဖြစ်ရပ်တွေ ကြားရမြင်ရတိုင်း တော်တော် အော့နှလုံးနာမိပါတယ်။
ကိုနစ်နေမန်းရဲ့ ဘလောဂ့် အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ်နော်..
အမြဲလည်း အားပေးဖတ်ရှုနေပါတယ်။
မနီ။
(လူသေဆုံးမှုနဲ့  ပတ်သက်ပြီး အကြောင်းပြချက် မခိုင်လုံဖူး အထောက်အထား မပြသနိုင်ဖူး ထိန်ချန်ဖုံးဖိဖြောက်ကွယ် ဖြောက်ဖျက်ပစ်တာတွေရှိရင် လူသတ်မှုနဲ့  ဆက်စပ်နိုင်တယ်ဆိုတာ နေပြည်တော်က တာဝန်ရှိသူတွေ သိရမှာမို့  သူတို့ ကို မသင်္ကာစရာသူများအနေနဲ့  ဖမ်းဆီးစစ်ဆေးမေးမြန်းဖို့ လိုပါတယ်)။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment