http://www.bur.irrawaddy.org/
ငလျင်ကြောင့် ကလေး-တမူးသွား ကားတချို့ ယနေ့နံနက်ပိုင်းအထိ မထွက်နိုင်သေးကြောင်း၊ တမူး-မိုးရေးတံတား ကျိုးပဲ့ပျက်စီးခဲ့ပြီး တမူးမြို့မှ နယ်စပ်ဈေးကြီးဖြစ်သည့် နန့်ဖာလုံဈေးမှ ဆိုင်ခန်းများလည်း ပိတ်ထားသည်ဟု ကြားသိရကြောင်း ကလေးမြို့မှ ကုန်သည်တဦးက ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ရှိ နန့်ဖာလုံဈေး။ (ဓာတ်ပုံ - Zoin.info)
“မြို့ပေါ်မှာတော့ လှုပ်တယ်ဆိုရုံလေးပါပဲ။ တချို့လည်း သိပ်မသိလိုက်ဘူး။ အရှေု့အနောက် ယိမ်းထိုးသွားတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ၀န်းသိုမြို့တွင်လည်း တမိနစ်ခန့် လှုပ်ခတ်သွားကြောင်း၊ လှုပ်ခတ်မှုမှာ ပြင်းထန်သော်လည်း အပျက်အစီး အသေအပျောက် မရှိကြောင်း ၀န်းသိုမြို့ခံတဦးက ပြောသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာမြို့နယ်တွင် အချိန်တမိနစ်ခန့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ဒေသခံများ နေအိမ်များမှ လမ်းပေါ်သို့ ထွက်ပြေးကြောင်း AFP သတင်းတပုဒ်တွင် ရေးသားထားသည်။
လောလောဆယ်တွင် အိန္ဒိယဘက် အခြမ်း၌ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မသိရှိရသေးပေ။
ယမန်နှစ် မတ်လအတွင်းကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်ဘက်ကို ဗဟိုပြုပြီး ပြင်းအား ၅.၄ အဆင့်ရှိ ငလျှင်တခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ US Geological Survey က သတင်းထုတ်ပြန်ဖူးသည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။
ယခု ငလျှင်လှုပ်ခတ်သည့် အချိန်သည် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်ပြီး အစိုးရအသစ် ပေါ်ပေါက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် နေပြည်တော်ရှိ အစိုးရ အသိုင်းအ၀န်းကမူ ကောင်းသောလက္ခဏာတရပ်အဖြစ် မှတ်ယူသည်ဟု ပြာဆိုမှုများရှိနေသော်လည်း ပြည်သူများကမူ ယခုဖွဲ့စည်းမည့် အစိုးရအသစ်ကို မကြိုက်သည့်အတွက် မြေငလျှင်လှုပ်ရခြင်းဖြစ်သည်ဟု ထင်ကြေးပေး ပြောဆိုမှုများရှိနေကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment