http://www.ninedeblood.blogspot.com/
ကားလမ်းမတိုက်ပွဲဆင်နွှဲရန် အသွားလမ်း
ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ စစ်အစိုးရကို
ပထမဆုံးပြန်လည်တော်လှန်တဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ မိခင်အဖွဲ့အစည်းနဲ့အတူ
တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ မဟာမိတ်ဖွဲ့နိုင်ပြီး
စစ်အစိုးရကို ပူးပေါင်းတိုက်ခိုက်နေကြတာပဲဖြစ်တယ်။
ကိုယ်လိုရာ တဘက်သတ်ဆွဲသွင်းတတ်တဲ့ စစ်အစိုးရကို ပြောက်ကျားနည်းနဲ့သာမက
မြို့ပြတိုက်ပွဲပါ ဆင်နွဲနိုင်ပြီး ယခုအခါမှာ ကားလမ်းမပေါ်ကပါ အစွမ်းအစပြလို့နေပါပြီ။
ယမန်နေ့ကဆိုရင် ကော့ကရိတ်မြို့အနီး၊ မြ၀တီ ဘားအံ ကားလမ်းမပေါ်က နေရာ ၃နေရာ
ဖြစ်တဲ့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်လျှာကုန်းနေရာတွေကို မနက်(၄)နာရီကစပြီး
နေရာယူ တာစူ တိုက်ခိုက်ရာမှာ နအဖဘက်မှ(၂)ယောက်သေ (၁)ယောက် ဒဏ်ရာရခဲ့ပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှ စရေတွက်မယ်ဆိုရင် မြ၀တီ ဘားအံ ကားလမ်းမပေါ်မှာ
ဇန်န၀ါရီ(၁၄)ရက်မှာတစ်ကြိမ်၊ ဇန်န၀ါရီ (၁၆)ရက်၊ ဇန်န၀ါရီ(၃၀)ရက်၊
ဇန်န၀ါရီ(၃၁)ရက်နဲ့ ယမန်နေ့ ဖေဖေါ်ဝါရီ(၁၀)ရက်မှာ တစ်ကြိမ်
စတဲ့ တိုက်ပွဲပေါင်း(၅)ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်တိုင်းဖြစ်တိုင်းမှာ ဒီကေဘီအေ၊ကေအန်ယူနဲ့ ကျောင်းသားတပ်မတော်ပူးပေါင်းတပ်ဖွဲ့
တွေရဲ့ ထိရောက်တဲ့တိုက်ခိုက်မှုတွေကြောင့် နအဖဘက်မှ အထိနာခဲ့ရမြဲသာဖြစ်တယ်။
တဘက်က နယ်ခြားစောင့်တပ်ပြောင်းလဲခဲ့ရတဲ့ အရင်ဒီကေဘီအေတပ်ဖွဲ့တွေကလည်း
ကိုယ့်ကရင်အမျိုးသားအချင်းချင်း မတိုက်ချင်ကြတဲ့အတွက် အထက်က ထိုးစစ်ဆင်ဖို့
အမိန့်ကို ငြင်းဆန်မှုရှိသလို ကေအန်ယူလို မိခင်အဖွဲ့အစည်းထံ ပြန်လည်ပူးပေါင်း
ပါဝင်လာတာတွေလည်း ရှိပါတယ်။
ဒါကိုြ အချစ်အတွက်နဲ့ အသေခံမယ်ဋ္ဋဋ္ဋဆိုပြီး မိမိရဲ့လက်မောင်းမှာ သေရာပါ ရေးထိုးထားတဲ့
ဗိုလ်ချစ်သူတစ်ယောက် ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာသာ ဖြစ်တယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment