နအဖတပ်တွေဟာ ဝေါ်လေ ချောင့်ခက် ဖလူးတွေမှာ လက်နက်ကြီးများ
အသုံးပြုပြီး ဒီကေဘီအေတပ်တွေကို ထိုးစစ်ဆင်နေချိန်မှာ  ဒီကေဘီအေရဲ့
တန်ပြန်ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။
ဒီကေဘီအေတပ်ဖွဲ့တွေကလည်း စစ်နည်းဗျူဟာအရ နေရာအနှံ့ တပ်ဖွဲ့များ
ဖြန့်ကျက်ထားပြီး  နအဖတက်လာရာလမ်းကြောင်းကိုလည်း ပိတ်ဆို့တိုက်ခိုက်
နိုင်တာကြောင့်လည်း နအဖတပ်ဖွဲ့များ အကျအဆုံးများစွာနဲ့အထိနာခဲ့ရပါတယ်။
အပေါ်ယံအနေဖြင့် ဒီကေဘီအေတပ်စခန်းတွေကို တခုပြီးတခု သိမ်းပိုက်နိုင်တယ်လို့
ထင်ရပေမဲ့ ဒီကေဘီအေ တို့အနေဖြင့် သားကောင်ကို ထောင်ချောက်ထဲမောင်းသွင်း
ပြီး ပြောက်ကျားနည်းနဲ့ပြန်လည်တိုက်ခိုက်တဲ့ နည်းဗျူဟာတစ်ရပ်သာဖြစ်ကြောင်း
နေ့စဉ်သေကြေဒဏ်ရာရခဲ့တဲ့ နအဖတပ်တွေရဲ့ အရေအတွက်ကို ကြည့်ခြင်းအားဖြင့်
သိနိုင်ပါတယ်။
နအဖတပ်တို့တက်လာရာ သင်္ဃန်းညီနောင်လမ်းကို ပိတ်ဆို့တိုက်ခိုက်ပြီးနောက်တရက်မှာ
ကော့ကရိတ်မြို့ အဓိကကျတဲ့နေရာတွေကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ယမန်နေ့ည ၁၂ နာရီလောက်က ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးက တောင်သုံးလုံး နအဖ တပ်စခန်းကို
ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်။
တောင်သုံးလုံးနေရာ မှာ နအဖ တပ်ရင်း ခလရ ၃၂၀ နဲ့ နယ်ခြားစောင့်တပ် ၉၀၇
တပ်ရင်းတွေ ရှိပါတယ်။
နအဖတို့ရဲ့ ဆက်သွယ်ရေး မိုက်ကရိုဝေဗ်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ဒါဟာ ကရင်တပ်ဖွဲ့တွေဟာ နေရာတကာမှာ နအဖတပ်တွေကို တိုက်ခိုက်နိုင်အောင်
ဖြန့်ကျက်ထားခဲ့ပြီးဖြစ်ကြောင်း မြို့ပြတိုက်ပွဲကိုလည်း အချိန်မရွေး ဆင်နွဲနိုင်ကြောင်းကိုလည်း
မီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment