ဒီကေဘီအေတပ်ဖွဲ့မှ ထိုင်းရွာသားတဦးကို ပြန်ပေးဆွဲပြီး  ဘတ်သုံးသိန်းတောင်းတယ်ဆိုတဲ့ သတင်းတပုဒ်ကို ဘန် ကောက်ပို့စ် အွန်လိုင်းမှာ  ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီကနေ့မှာ ဖေါ်ပြထားတာတွေရှိရပြီး အဲဒီသတင်းကိုပဲ  လွတ်လပ်တဲ့ အာရှအသံ အာအက်ဖ်အေ မြန်မာပိုင်းကလည်း ဒီမနက်မှာ  ထပ်မံကိုးကားပြီး ရေဒီမှာ တင်ဆက်သွားခဲ့ပါတယ်။
ဒီကေဘီအေ ကို ပြန်ပေးဆွဲငွေတောင်တယ်ဆိုတဲ့ သတင်းဖေါ်ပြချက်နဲ့ ပတ်သက်ပြီး  ဒီအေဘီအေ တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က အခုလို  တုံ့ပြန်ပြောဆိုပါတယ် ….
“ဒီလိုမျိုးသတင်းထွက်လာတာဟာ ကျနော်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့  တခုခုဖြစ်စေချင်တဲ့ သဘောထားတွေ တွေ့ရတယ်၊ နောက်ပြီးတော့  ဒီငွေသုံးသိန်းလောက်နဲ့ ကျနော်တို့ လုပ်နေတဲ့ နိုင်ငံရေးသိက္ခာ  ပွန်းပဲအောင်ဘယ်တော့မှ မလုပ်ဘူး။ အခု ပြန်ပေးဆွဲမှုဖြစ်တဲ့ နေရာမှာလဲ  ကျနော်တို့တပ်တွေ အဖွဲ့ဝင်တွေ မရှိကြပါဘူး။ ကျနော်တို့ စုံးစမ်းကြား  သိရသဘောက်ကတော့ သူတို့ ထိုင်းလူမျိုးချင်း ဖြစ်တဲ့ပြဿနာကို ကျနော်တို့  အဖွဲ့နာမည် ယူသုံးလိုက်တာလို့ ကြားရ တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့  ဘက်က လုံးဝမဟုတ်ဘူး ပြောချင်ပါတယ်။ ဒီသတင်းကို ဖေါ်ပြတဲ့ သ တင်းဌာန နဲ့  သတင်းရေးတဲ့ သူကိုပါ ဖုန်းနဲ့ကော အီးမေးနဲ့ပါ ဆက်သွယ်ပြီး ပြောပြထားပါတယ်”
၁၅ နှစ်ကျော်ကြာ နအဖနဲ့ အပစ်အခတ်ရပ်ထားရာက မြန်မာနိုင်ငံရဲ့ ၂၀၁၀  ရွေးကောက်ပွဲလုပ်တဲ့နေမှာပဲ နအဖ နဲ့ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့  ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ပြည်လည်ဖြစ်ပွားခဲ့ပါတယ်။  အဲဒီအချိန်က စလို့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးကို  ဆုငွေထုတ်ဖမ်းခိုင်းတာတွေ၊ ထိုင်းဘက်က သူ့ကို မဖမ်းပေးရင် မဲဆောက် မြ ဝတီ  ကုန်သွယ်ရေးဂိတ် ပြန်မဖွင့်ပေးဘူးဆိုတာတွေ စတဲ့ အတည်ပြုလို့မရတဲ့  သတင်းတွေလည်း မကြာခဏ ထွက် ပေါ်လျက်ရှိပါတယ်။
(မူရင်း သတင်း အင်္ဂလိပ်လိုနဲ့ မြန်မာဘာသာပြန်ကို တဆက်တည်းဖေါ်ပြပေးထားပါတယ်)(ဘန်ကောက်ပို့စ်က မူရင်းသတင်း)
http://www.naytthit.ne







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment