| ကန္တာရ၀တီတိုင်း(မ်) | |
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ရွာသားများသည် မြန်မာစစ်အစိုးရ တပ်အတွက် သတင်းများကို နေ့စဉ် အစီရင်ခံပေးနေရကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်မှုများ ခံရကြောင်း သိရသည်။ ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-KSWDC)၎င်းက “ဖုကရားခူတပ်ပေါ့ ရွာသားတွေကို သတင်း နေ့တိုင်း လာပို့ခိုင်းတယ်လေ။ နောက်ပြီး ခိုးပရာရွာနဲ့ ဂျိုခူရွာက ၃ ရက် ပျက်ကွက်တော့ သူတို့ ပြန်လာတဲ့ နောက်တရက်မှာ စစ်တပ်က ခိုးပရာရွာသားကို ရေ ၃ ခေါက် သွားခပ်ခိုင်းတယ်။ ဂျိုခူရွာသားကိုတော့ ရိက္ခာ သွားထမ်းခိုင်းတယ်” ဟု ပြောသည်။ ရွာသားများသည် သတင်းများကို စစ်အစိုးရတပ် တပ်စခန်းသို့ သွားရောက်ပေးပို့ရသည့်အပြင် သွားသည့် အကြိမ်တိုင်းတွင် စစ်တပ်များအတွက် စားသောက်စရာ ကြက်တကောင် သို့မဟုတ် အရက်တလုံး သို့မဟုတ် ဟင်းတခုခုကို ယူဆောင်လာပေးရကြောင်း ခူဒယ်နီယာက ဆက်ပြောသည်။ |






ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-KSWDC)
စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment