http://www.naytthit.net/
ဝေါ်လေနားက သုခမြိုင်ကျောင်းမှ တပ်စခန်းချထားတဲ့ နအဖ စကခ ၈ လက်အောက်ခံ ခမရ ၄၀၉ တပ်ကို ဒီကနေ့မနက် အစောပိုင်းက ဒီကေဘီအေ တပ်မဟာ ၅ မှ ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီကနေ့ မနက် ၆ နာရီ ၅၀ လောက်မှာ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်လှခိုင် ဦးစီးတဲ့ ပြောက်ကျားဖွဲ့ဟာ သုခမြိုင်ကျောင်းမှာ စခန်းချထား တဲ့ နအဖ တပ်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ကြာခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ဒီကေဘီအေဘက်မှ ပြန်လည်ဆုတ်ခွာသွားပါတယ်။
ယမန်နေ့ကလည်း နအဖ ဘက်မှ စကခ ၁၂ လက်အောက်ခံ ခလရ ၂၉၉ နဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၉၊ ၄၀၃ ပူးပေါင်းတပ်တွေဟာ အူးကလေ့ထာ့ရှိ DKBA တပ်တွေရဲ့ ယာယီစခန်းစခန်းကို နေ့လည် ၁၂ ကျော်မှ ညနေ ၆နာရီအထိ လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DKBA ဘက်က ပြောပြလာတဲ့အတွက် သိရှရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment