မိုးမခသတင်း
လွန်ခဲ့ သည့် လအနည်းငယ်က မြန်မာငွေ သိန်းရာကျော်တန် လီမိတက် ဖုန်းဟန်းဆက် သုံးစွဲနိုင်ခြင်း၊ ပြည်ပသို့ ဈေး ၀ယ်ထွက်လျ င် ဒေါ်လာ ၉ သောင်းခွဲ တသိန်းသုံးစွဲတယ်လို့ ပြောဆိုခြင်းတို့ကြောင့် သတင်းဂျာနယ်များမှာ အာရုံစိုက် ဖေါ်ပြခံရတဲ့ မော်ဒယ် ရွှေစင်က ဒီဇင်ဘာ နောက်ဆုံးပတ်က မြန်မာနိုင်ငံတွင် အထင်ရှားဆုံး သူဋ္ဌေးကြီးဖြစ်သူ ဦးတေဇ ပိုင်ကား ကို သိမ်ကြီးဈေးဒီရုံတွင် တမင်ကလာ ၀င်တိုက်ပြီး ပျက်စီးစေခဲ့သည်ဟု အဆိုပါ အသိုင်း အ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောပါတယ်။ | |
ြ ဖစ်ပျက်ပုံမှာ ထိုနေ့က ဦးတေဇမှာ သိမ်ကြီးဈေးဒီရုံ အပေါ်ထပ်ရှိ အနှိပ်ခန်းတွင် ရှိနေပြီး မော်ဒယ်ရွှေစင်က ဦး
တေဇပိုင်ကားကို သူရဲ့ကားနဲ့ ရှေ့ထိုးနောက်ဆုတ်လုပ်ပြီး
တိုက်ခဲ့ရာမှ အနီးအနားရှိ ကား၃ စီးပါမတော်တဆ
ထိခိုက်မိသဖြင့် လျော်ပေးခဲ့တယ်လို့ အဆိုပါ
နီးစပ်သူကပြောပါတယ်။ “ြ ကည့်ရတာ ဦးတေဇကို ဘာစိတ်ဆိုးလဲ မသိဘူး၊ လူကို မလုပ်ရဲတော့ကားကို တခုခုပျက်စီးအောင်လုပ်တာ လို့ထင်တယ်။
အဲဒီအဖြစ်အပျက်ကို သူ့(ထူး) ကုမ္ပဏီက ၀န်ထမ်းလူယုံတွေကို
မေးကြည့်တော့ သူတို့က အဲဒီအဖြစ်အပျက်ကို
ပြောဖို့ရှောင်ပြီး မော်ဒယ်ရွှေစင်ကိုပဲ
အကျင့်စာရိတ္တမကောင်းတဲ့ သဘောမျိုး အပုပ်ချကြတယ်”
လို့ အဆိုပါ ပြောပြသူက ဆိုပါတယ်။
လွန်ခဲ့သည့် မော်ဒယ် ရွှေစင် ကိုင်ဆောင်သည့် သိန်း ၃၆၀ တန် ဖုန်းဟန်းဆက်၊ ညနေခင်း စီးသည့် နာမည်ကြီးအမျိုးအစား ဇိမ်ခံကား၊ ရှုတင်ရိုက်သည့်အခါ စီးဖို့ ဇိမ်ခံကား ၊ ပြည်ပကို
ဈေးဝယ်ထွက်တဲ့အခါ မြန်မာငွေကျပ်သိန်း ၉၀၀ ၊ ၁၀၀
ဝ လောက်သာ သုံးတယ်ဆိုသည့် ဖြေကြားချက်များက သူ့၏
အလုပ်အကိုင် ၀င်ငွေနှင့် သုံးစွဲသည့်ငွေတို့ မမျှတသည့်
သဘောမျိုး ပြည်တွင်း သတင်း ဂျာနယ် တချို့ကရေးသားခဲ့တာကို
တွေ့ရပါတယ်။
ထင်ရှားသည့် စီး ပွားရေး လုပ်ငန်းရှင်ကြီးများ၏ ထောက်ပံ့မှု (စပွန်ဆာ) ကြောင့်သာ အထက်ဖေါ်ပြသကဲ့ သို့ သုံးစွဲနိုင်သည့် သဘော
ဖြစ်သည်ကို ဂျာနယ်များတွင် မရေးပြလည်း စာဖတ်သူများက
ကြိုတင်နားလည်ခဲ့ကြပါတယ်။ အဲ
ဒီလို သတင်းတွေ ထွက်ပေါ်ပြီး လအနည်းငယ် အကြာမှာ ယခုလို
မော်ဒယ်ရွှေစင်နှင့် လုပ်ငန်းရှင် တေဇတို့၏ သတင်း ထွက်
ပေါ်လာတာဖြစ်ပါတယ်။
ထူးကုမ္ပဏီများ အုပ်စုပိုင်ဆိုင်သူ ဦးတေဇမှာ နအဖ အစိုးရ လက်ထက်တွင် စစ်အစိုးရလိုအပ်သည့် စစ်လက်နက် ပစ္စည်းများ၊ ဟယ်လီကော့ပတာများ ၀ယ်ယူပေးခြင်းဖြင့် ချမ်းသာလာသူဖြစ်ပြီး စစ်အစိုးရအဖွဲ့၏
ထိပ်ဆုံးခေါင်းဆောင်၃ ဦးစလုံး အိမ်သု
ိ့ တံခါးမရှိ ဓါးမရှိဝင်ထွက် နိုင်သူဖြစ်ပြီး စစ်အစိုးရ
ခေါင်းဆောင်ပိုင်း၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို
လုပ်ကိုင်ပေးနေသူ၊ အကျိုးအမြတ်များကို ခွဲပေး ဆက်သပေးသူ
အဖြစ် ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက
သိရှိထားကြပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment