နံနက် (၁၀ နာရီ ၂၅ မိနစ်) နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းမှ လှိုင်းဘွဲ့မြို့နယ်မာနယ်ပလောဂွင်ကို နယ်ခြားစောင့်တပ်နှင့် နအဖ စစ်တပ်တို့မှ ပူးတွဲ ထိုးစစ်ဆင်ရန်အတွင် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသား ၄၀ ကျော်ကို စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများ ထမ်းခိုင်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
နံနက် (၁၀ နာရီ ၂၀ မိနစ်) နအဖ စစ်တပ်မှ လှိုင်းဘွဲ့ မြို့နယ် မာနယ်ပလောဂွင်သို့ ထိုးစစ်ဆင်ရန် နည်းဗျူဟာ (၂၂၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် နအဖ စစ်တပ် ခမရ(၂၁၂)၊ ခမရ (၂၁၄)၊ ခမရ (၂၁၆)နှင့် ခမရ (၂၂၀)တပ်ရင်းများနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း အင်အား ၅၀၀ ခန့်ဖြင့် ထွက်ခွာသွားကြောင်းသိရှိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment