ကုန်သည်ကားကို အသုံးပြုပြီး နအဖ နဲ့ နယ်ခြားစောင့်တပ်တွေ စီးနင်းလိုက်ပါလာတဲ့ ကားတန်းကို ဒီကနေ့မနက် ၈ နာရီလောက်က မြဝတီမြို့နယ် သင်္ဃန်းညီနောင်နားမှာ ဒီကေဘီအေအဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။
နယ်ခြားစောင့်တပ်သား ၆ ယောက် နဲ့ နအဖ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီကေဘီအေမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်မှ ခုလိုပြောပါတယ်။
“ဟုတ်တယ် ကျနော်တို့ တပ်ဖွဲ့တွေ တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ ဒီကားက အရပ်သားကားဖြစ်ပေမယ့် နအဖ တပ်တွေ နဲ့ နယ်ခြားစောင့်တပ်တွေက အသုံးပြုနေတာဖြစ်တယ်။ ကျနော်တို့ နယ်မြေတွေကိုလည်း ဒီကားတွေ အသုံးပြုပြီး တော့ ဖလူးစစ်မြေပြင်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်။ နအဖ ဟာ အရပ်သားတွေကိုအသုံးချပြီ ကာကာလုပ်လာတာဖြစ်တယ်။ ကျနော်တို့ဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်မထားပါဘူး နအဖ က အရပ်သားတွေကို ကာဘာယူတက်လာတဲ့ အတွက် မဖြစ်မနေ လုပ်ရတာဖြစ်တယ်”
အခုရက်ပိုင်းတွေမှာ နအဖတပ်တွေဟာ ဝေါ်လေ ဖလူး ဒေသတွေကို လက်နက်ကြီးတွေနဲ့ မကြာမကြာလှမ်းပစ်နေပြီး နအဖ ဘက်က ထိခိုက်ကျဆုံးမှုတွေများနေတယ်လို့ သိရှိရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment