သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်မွေ အခြေစိုက် နအဖရေဒါတပ်စခန်းမှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ်တစီး တွေ့ရှိ သဖြင့် နောက်တကြိမ်တွေ့ရှိပါကပစ်ချရန် လေကြောင်း ရန်ကာကွယ်ရေးစစ်ဌာနချုပ်က အမိန့်ထုတ်ထား ကြောင်း ကျိုင်းတုံသတင်းရပ်ကွက်က ဆိုသည်။

Igla Missile အစ်ကလာ မစ်ဆိုင်း ပုခုံးထမ်းဒုံးလက်နက် (ဓါတ်ပုံ- Google )
“ဒီဇင်ဘာ ၂၁ ရက် နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှာတွေ့တာ။ ရေဒါစခန်းအထက် ပေ ၅၀၀၀ မှာဝဲနေတာ ၃ မိနစ်လောက် ကြာ တယ်။ လေယာဉ်က အဖြူရောင်လေးဘဲ။ တချို့ကအဲ့ဒီလေယာဉ်က အမေရိကန်လုပ် မောင်းသူမဲ့ UAV လေယာဉ် အမျိုးအစား တဲ့” ဟု ကျိုင်းတုံ စစ်အာဏာပိုင်များနှင့် နီးစပ်သူတဦးကပြောသည်။

UAV Unmanned Aerial Vehicle လေယဉ် (ဓါတ်ပုံ- Google)
“တွေ့တွေ့ချင်းအကြောင်းကြားဖို့နဲ့ ပစ်ချဖို့ အမိန့်ထုတ်ထားတယ်။ ဒီလို အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်ဖို့လဲ စစ်သင်တန်းတွေ လေ့ကျင့် ပေးသွားမယ့် အစီအစဉ်ရှိတယ်လို့ ကြားရတယ်” - ဟု ၄င်းက ဆက်လက်ပြောပြခဲ့သည်။
တဖက်၌လည်း လေကြောင်းရန်ကာကွယ်ရေးစစ်ဌာနချုပ်က မှာယူထားသော (ရုရှားလုပ်ပခုံးထမ်းဒုံးလက်နက်နှင့်ပုံစံတူ) တရုတ် လုပ် Igla Missile အစ်ကလာ မစ်ဆိုင်း ပုခုံးထမ်းဒုံးလက်နက်များ ဒီဇင်ဘာလအတွင်းက ရန်ကုန်သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက် ရောက်ခဲ့ပြီး သျှမ်းပြည်တွင်း နအဖလက်နက်ကြီးတပ်၊ သံချပ်ကာတပ်များထံ ထပ်မံပို့ဆောင်ဖြန့်ဝေ ခဲ့ပြီးဖြစ်ကြောင်း ရပခ တိုင်းရုံးနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment