ဒီကနေ့ ဖလူးဒေသမှာ နအဖတပ်တွေဘက်က လက်နက်ကြီးတွေနဲ့  အချိန်အတော်ကြာပစ်ခတ်ခဲ့ပါတယ်။ လက်နက် ကြီး အလုံးပေါင်း ၄၀  နီးပါးလောက်ရှိပြီး ၁၁ နာရီလောက်ကစပစ်တာ ညနေ ငါးရီလောက်အထိ ပစ်ခဲ့တယ်လို့  သိရှိရပါတယ်။
အခုလိုပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ဗိုလ်ဆန်းအောင် က ခုလိုပြောပါတယ်…
“ဒီနေ့ နအဖ တပ်တွေ  လက်နက်ကြီးနဲ့ တော်တော်လေးပစ်တယ်လို့ ပြောရမယ်။  နေ့ခင်းလောက်က စပစ်တာ ညနေ စောင်းတဲ့ထိပဲ အလုံး ၄၀ နီးပါးပဲ။ ဒီဘက်ကို  အားစမ်းတဲ့ အနေနဲ့ ပစ်တာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အရာရှိက တော့  ဒီလို အခြေအနေမှာ အနီးနားရွာက ပြည်သူတွေကို ဘေးလွတ်ရာတွေမှာ သွားနေကြဖို့  အကြောင်းကြားထား ပါတယ်”
နအဖ တပ်တွေဟာ ဗျူဟာအလိုက် တပ်ရင်းပေါင်းများစွာဖြင့် ကေအဲန်ယူ တပ်မဟာ  (၆) နဲ့ တပ်မ ဟာ (၇) နယ်မြေ တွေကို ရှင်းလင်းဖို့ လက်နက်ကြီးငယ်၊ ရိက္ခာ၊  ဆေးပစ္စည်း အစုံအလင်နဲ့ ဇန်န၀ါရီလ ၅ ရက်နေ့ က နယ်စပ်ဘက်ကို  ရောက်ရှိလာတယ်လို့ ကေအိုင်စီ သတင်းများအရ သိရှိရပါတယ်။ အခုတက်လာတဲ့ နအဖ  စစ်ကြောင်းတွေမှာ အကျဉ်း သားတွေကို အထမ်းသမားတွေအဖြစ် ခေါ်လာတယ်လို့လည်း  သိရှိရပါတယ်။
ယခုတက်လာတဲ့ နအဖ တပ်တွေက စကခ (၁၂) နည်းဗျူဟာ (၁) နဲ့ (၂) လက်အောက်ခံ ခလရ  (၂၃၁)၊ ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇) နဲ့ ခမရ  (၅၄၅) တပ်ရင်းတွေဖြစ်ပြီး။ KNU၊ ဒီကေဘီ အေတပ်တွေနဲ့  ထိပ်တိုက်ရင်ဆိုင်နေရတဲ့ နအဖတပ်တွေကတော့ ချူကလီးဒေသမှာ စကခ (၁၉) နည်းဗျူဟာ  (၂) မှ ခလရ (၂၉၉)၊ အူးကလေးထာ့ရွာမှာ ခမရ (၅၈၆) စတဲ့ တပ်တွေ  အခြေပြုလျက်ရှိတယ်ဆိုတာ သိရှိရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment