http://www.naytthit.net
ဒီနေရာမှာ ကျနော့်မိသားစု ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ပိုင်အမှတ်၊ နာမည်တွေကို တိတိကျကျ ဖော် ပြနိုင်ခြင်းမရှိတာကို နားလည်နိုမယ် ထင်ပါတယ်
ယခု အချိန်အခါဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မြန်မာပြည်သူများ ဒုက္ခဆင်းရဲတွေနဲ့ ပြားပြားဝပ် နေရတာကို အထူးတလည်ပြောဖို့ မလိုအပ်ပါဘူး။ အလားတူ ဒုက္ခဆင်းရဲတွေကို မြန်မာပြည်သူတွေနဲ့တကွ ကျနော်တို့ (ကြည်း၊ ရေ၊ လေ) တပ်မတော်သားတွေပါ ခံစားနေရတာ နားလည်စေချင်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေထဲမှာလည်း အာဏာရှင်စနစ်ကို ရွံမုန်းသူ၊ မထောက်ခံသူ၊ လွပ်လပ်မှုကို လို လားသူတွေ အများအပြားရှိနေပါတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာပြည်သူလူထုကြီး သိရှိ စေချင်ပါတယ်။
အာဏာရှင်စနစ်ကြောင့် တပ်မတော်သားဆိုလျှင် မုဒိမ်းကောင်၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသူ၊ လက်နက်အားကိုး အနိုင်ကျင့်သူ စတာတွေနဲ့တွဲပြီး ကြည့်မြင်သူတွေများနေပါတယ်။ ဒီလို ဖြစ်ရပ်တွေဟာ လည်း တကယ်ကိုရှိခဲ့တာပါ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်တွေနဲ့ တပ်မတော်သားအားလုံးကို မရောထွေးစေချင်ပါဘူး၊ မည်သည့် လူ့အဖွဲ့အစည်းမှာမဆို အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲပြီး ရှိနေကြတာပါ၊ အမည်းရှိသလို အဖြူ လည်းရှိနိုင်တာကို သတိချပ်စေချင်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေဟာ အာဏာရှင်စနစ်အတွက် လက်ကိုင်တုတ်အဖြစ် အသုံးပြုခံနေရတာ၊ အထောက်အပံ့ ဖြစ်နေစေတာကို ကိုယ်တိုင်ကိုယ်ကျ နားလည်ခံစားသိရှိပါတယ်။ ကျနော်တို့ တပ်မတော် သားတွေကိုယ်တိုင်လည်း ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီး ထားရာမှာနေ စေရာကိုသွား လို့၊ တင်ပြတောင်းဆိုခွင့်ဆိုတာ လုံးဝမရှိဘဲ အာဏာရှင်စနစ်အတွက် အသက်ပေးဆောင်ရွက်နေကြရတာ ပါ။ (ကိုကိုးကျွန်း ကျွန်းပတ်လမ်း၊ ရေး – ထားဝယ်ရထားလမ်း စတာတွေဟာ တပ်မတော်သားတွေရဲ့ သွေး ချွေတွေနဲ့ ပြုလုပ်ထားတဲ့ သာဓက အနည်းငယ်ပါ)
ဟိုးတချိန်က လူဖြူ ၊လူမည်း၊ လူမျိုးရေး၊ ဘာသာရေး စသဖြင့် ခွဲခြားမှုတွေ ဖြစ်ပွားခဲ့သလိုမျိုး ယနေ့ စစ် တပ်တွင်းမှာလည်း အရာရှိနဲ့  အခြားအဆင့် တစ်ဖက်သတ် ခွဲခြားခံနေရပြီး အောက်ဆုံးမှာ ရှိနေတဲ့ အခြား အဆင့် ကျနော်တို့ တပ်မတော်သားတွေဟာ ပြားပြားဝပ်နေအောင် ခွဲခြားနှိပ်ကွပ် ဆက်ဆံခံနေရတာပါ။
အာဏာရှင် စနစ်ချုပ်ငြိမ်းသွားစေဖို့အတွက် အခြေအနေ၊ အချိန်အခါ၊ အခွင့်အရေးတွေများ ပေါ်ခဲ့ မယ်ဆို ရင် မြန်မာပြည်သူတွေနဲ့အတူ တပ်မတော်သားတွေအများအပြား အာဏာရှင်စနစ်တိုက်ဖျက်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်ဆိုတာကို မြန်မာပြည်သူများ သိရှိနိုင်ကြပါစေ။
နောက်ဆုံးအနေနဲ့ ပန်ကြားလိုတာကတော့ အာဏာရှင်စနစ် တွန်းလှန်တဲ့တော်လှန်ရေးမှာ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြန်မာမျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်ပြီး တစည်းတလုံးတည်း ညီညွှတ်စွာ ပါဝင်နိုင်ကြပါစေ ခင်ဗျား။
စိုးသူရ
တပ်ကြပ်ကြီးစာရေးတဦး (တပ်မတော်ရေ)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment