အပစ်ရပ်သျှမ်းတပ်ဖွဲ့မှအသွင်ပြောင်းလိုက်သော ဆိုင်ကျော့ ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိုင်းခေး ပြည်သူ့စစ်တို့အား နအဖက ကားလိုင်စင် အစီးရေ ၃၀ ထက်မနည်း ချပေးခဲ့ကြောင်း စုံစမ်းသိရှိရ ပါသည်။

တိုယိုတာ ပရာဒိုကား
(ရာထူးအပြောင်းအလဲမလုပ်ခင်က စရဖအရာရှိ ဗိုလ်ချုပ်ရဲမြင့်ပေးထားသည့်ကတိအတိုင်း) ပြီးခဲ့သည့်လ ၂၀ မှ ၂၅ ရက်နေ့က SSA ပြည်သူ့စစ် ၃ ဖွဲ့စလုံးအား ရမခ တိုင်းမှူးက ကားလိုင်စင် အစီး ၃၀ အခမဲ့ချပေးခဲ့ခြင်းဖြစ်သည်။ (တစီးပျှမ်းမျှ ကျပ်သိန်း ၃၀၀ ဖြင့် လိုင်စင်တန်ဖိုးစုစုပေါင်းကျပ်သန်း ၉၀၀ ၀န်းကျင်စာ) ခေါင်းဆောပိုင်းမှး လိုင်စင် လုပ်သွားသောကားများမှာ အထက်တန်းစား( ပရာဒို၊ ပါဂျဲရိုး၊ မတ်တူး၊ဗီကို၊တိုက်ကား တိုယိုတာကားများဖြစ်ပြီး အဆိုပါကားများတစ်စီးစီ၏ကာလတန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀ အထက်ရှိနေကြောင်း အမည်မဖေါ်လိုသည့် အဆိုပါ အသိုင်းအ၀ိုင်းက ပြောပြပါသည်။
“ဒါခွဲခြားမက်လုံးပေးတဲ့နည်းဘဲ။ ဦးလွယ်မောဝ်းတို့ အုပ်စုကိုတော့ ကားတွေချပေးတယ်။ ပြည်သူ့စစ်အသွင်ပြောင်းရေး ငြင်းဆန်ခဲ့ တဲ့ ဗိုလ်ချုပ်ပန်ဖှခေါင်းဆောင် ၀မ့်ဟိုင်းအခြေစိုက် တပ်မဟာ ၁ ကိုတော့ စက်တင်ဘာလ ကစပြီး ကနေ့အထိ နအဖစစ်အုပ်စု ရန်စတိုက်ခိုက်တာ ၅ ကြိမ်ထက်မနဲ ရှိတယ်” - ဟု ဆက်လက်ပြောပြပါသည်။
သို့သော် ပြည်သူ့စစ်အသွင်ပြောင်းရာတွင် ပေးထားသည့်စာရင်းအတိုင်း အင်အား ၁၀၀၀ ကျော်မပြည့်သေးသည့် အတွက်လည်း လူအင်အားဖြည့်ရန် ထပ်မံဖိအားပေးခံရကြောင်း ပြည်သူ့စစ်အသွင်ပြောင်း အပစ်ရပ်အရာရှိများနှင့် နီးစပ်သူတဦးက ပြောသည်။
“ ၃ ဖွဲ့မှာ တဖွဲ့ဆို အင်အား ၅၀- ၆၀ လောက်ဘဲရှိတာကိုး။ ပေးထားတဲ့စာရင်းအတိုင်း မပြည့်လို့ အဲဒီကိစ္စကိုင်တွယ်တဲ့ ရမခဂျီဝမ်းတောင်အကြိမ်းခံရ ဖူးတယ်လေ” ဟု ၎င်းကပြောသည်။
ဦးလွယ်မောင်းနှင့် စရဖ အရာရှိ ရဲမြင့်တို့ အသွင်ပြောင်းရေးဆွေးနွေးစဉ် ဦးလွယ်မောင်းက ပြည်သူ့စစ် အသွင်ပြောင်းတာကို တခြားအဖွဲ့တွေလို တရားဝင်အခန်းအနားနဲ့ မီဒီယာကနေ သတင်းမထုတ်လွှင့်ပေးရင်တော့ လက်ခံမယ်” ဟု အပေးအယူလုပ်ခဲ့ဖူးကြောင်း သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုခဲ့ဖူးသည်။
ဧပြီလက ပြည်သူ့စစ်အသွင်ပြောင်းသွားသော ဦးလွယ်မောင်းနှင့် ဦးကိုင်ဖှတို့၏ စိန်ကျော့ဌာနချုပ်ကိုဌာနေပြည်သူ့ စစ်အမှတ် ၁ ၊ သီပေါမြို့နယ် မိန်းခေးအခြေစိုက် ယခင်တပ်မဟာ ၃ ကို ဦးလှမြင့်ဦးဆောင်သည့် ဌာနေပြည်သူ့စစ် အမှတ် ၂၊ ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် ယခင်တပ်မဟာ ၇ ကို ဦးလောင်ကွန်း ဦးဆောင်သည့်ဌာနေပြည်သူ့စစ် အမှတ် ၃ စသဖြင့် ပြောင်းလဲခေါ်ဝေါ် ထားသည်ဟုလည်း သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment