ဆုံဆည်းရာ၊ ၂၂ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၉ နာရီ ၄ မိနစ်) နအဖ စစ်တပ်တွေ ကရင်ပြည်နယ်အတွင်း စစ်ရေးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေဆဲပါ။ ရခိုင်ပြည်နယ်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းများ ကောကရိတ်ကို ပို့ဆောင်ပြီး အင်အားဖြည့်တင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ပထမ ပတ်ကစတင်ပြီး နအဖ ဘက်မှ ဒီကေဘီအေ တပ်တွေကို ၄ ရက်အတွင်း အပြီးတိုက်မယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ စစ်ရေးအရမှာ နအဖ စစ်ဆင်ရေးတွေ သူတို့မျှော်မှန်းသလောက် အောင်မြင်မှုမရှိခဲ့ဘူးလို့ ပြောဆိုရမှာပါ။ ယခုတခါလည်း ဒီကေဘီအေ တပ်တွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အပြီး တိုက်မယ်ဆိုပြီး စကားတွေ ထွက်ပေါ်လာပြန်ပါတယ်။ ထိုကဲ့သို့ ပြောဆိုနေပေမယ့် နအဖ စစ်တပ်တွေကတော့ ဒီကေဘီအေ တပ်တွေရဲ့ ရှေ့ထွက်မိုင်းနဲ့ ပျောက်ကြား တိုက်ခိုက်မှုဒဏ်တွေကို အလူးအလဲခံနေရပြီး ထိခိုက်ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေသာ များပြားလာပြီး စစ်ပြေး၊ ပေါ်တာပြေးတွေလည်း တနေ့ထက်တနေ့ ပိုမို များပြားလာပါတယ်။ ဒီကေဘီအေ ဘက်က အခြေချ စခန်းနှစ်ခုကို စစ်ရေးအမြင်အရ ယာယီဆုတ်ခွာပေးခဲ့ရပေမယ့် ၄င်းတို့ရဲ့ နယ်မြေဒေသ ကျွမ်းကျင်မှုအရ နအဖ စစ်တပ်၊ စစ်ကြောင်းတွေကို ပိုမိုအထိနာစေမယ့် တောတွင်း ပျောက်ကြားစနစ်တွေ၊ မြို့ပြပျောက်ကြားနည်းဗျူဟာ တိုက်ခိုက်နည်းတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
နံနက် (၈ နာရီ ၄၀ မိနစ်) ကေအန်ယူ တပ်မဟာ (၂) တောင်ငူ ခရိုင်တွင်လည်း နအဖ စစ်တပ်မှ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာပါတယ်။ ယခင် စကခ(၇)မှ တပ်ရင်း ၇ ရင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်း တပ်ရင်းပေါင်း ၃၀ ကျော်နဲ့ အကျဉ်းသားများ အပါဝင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။
နံနက် (၈ နာရီ ၃၇ မိနစ်) ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်သည့် အဖွဲ့မှ သရက်တပင်နှင့် ကျောက်ခက်ကြားမှ နအဖ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နံနက် (၈ နာရီ ၃၅ မိနစ်) ယမန်နေ့ညပိုင်းတွင် နအဖ ဘက်မှ တပ်သား တဦးနှင့် ပေါ်တာ အကျဉ်းအသားတဦးတို့ ဒီကေဘီအေ စခန်းတွင် အလင်းဝင်ရောက်ကြောင်းသိရှိရသည်။ ထို့အပြင် ကေအန်ယူ တပ်မဟာ (၇) နယ်မြေသို့ နယ်ခြားစောင့်တပ် (၁၀၁၈)မှ ဒုတပ်ကြပ်တဦးနှင့် တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းကြောင်း သိရှိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment