eleven journal မှ
ကွင်းစလန်ပြည်နယ်ရှိ ချင်ချီလာ အရပ်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရေလွှမ်းမိုးနေစဉ်
သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်ရှိ ရေလွှမ်းမိုးမှု ခံရလျက်ရှိသော မြို့နယ် ၁၃ မြို့နယ်မှ ဒေသခံများကို အရေးပေါ်
နေရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ မိုးလေ၀သ ခန့်မှန်းသူများက မြစ်ရေသည် ပြန်လည် ကျဆင်းရန် သီတင်းပတ်များစွာ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ဒီဇင်ဘာ
၃၀ ရက်နေ့က သတိပေး ပြောကြားခဲ့ပြီးနောက် အရေးပေါ် ပြောင်းရွှေ့မှုများကို
ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။
ဘရစ္စဘိန်းမှ မိုင် ၂၀၀ နီးပါး ဝေးကွာသော ကွန်ဒါမိုင်းမှ နေထိုင်သူ ၁၃၀ ခန့်ကို ရေကြီးမှုကြောင့် အရေးပေါ် ပြောင်းရွှေ့
ခဲ့ရသည်ဟု ကွင်းစလန်ပြည် အရေးပေါ် ၀န်ဆောင်မှု ၀န်ကြီးဌာနမှ နီးလ်ရောဘတ်က
ပြောကြားခဲ့သည်။ ပြောင်းရွှေ့ရမည့် မြို့နယ် ၁၃ မြို့နယ်တွင် ယင်းမြို့
နယ်လည်း အပါအ၀င် ဖြစ်ပြီး လူဦးရေ ၁၀၀၀ မှ ၂၀၀၀ ကြားကို
ပြောင်းရွှေ့ခဲ့ရသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လူဦးရေ ၁၅၀၀၀ ခန့်ရှိသည့် Emerald မြို့တွင် ရေကြီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက်ရှိပြီး Fitzroy
မြစ်ရေသည် မြင့်တက်လျက် ရှိပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စံချိန်တင် ၁၆ ဒသမ၂
မီတာသို့ မြင့်တက်လာဖွယ် ရှိကြောင်း သြစတြေးလျနိုင်ငံ၊ မိုးလေ၀သနှင့် ဇလဗေဒ
ဗျူရိုမှ Hydrologist ဂျက်ပါကင်က ပြောကြားခဲ့သည်။
အဆိုပါ မြစ်ရေကြီးမှုတွင် လူဦးရေ ငါးသောင်းခန့် ရှိသော ရော့ခ်ဟမ်တန်မြို့ကိုလည်း ထိခိုက်မှု ရှိခဲ့ပြီး
လာမည့် သီတင်းပတ် အတွင်းနှစ် ၅၀ အတွင်း ရေကြီးမှုကို ကြုံတွေ့ ရဖွယ်
ရှိကြောင်း ပါကင်က ပြောကြားခဲ့သည်။ "လာမည့် အပတ်ထဲမှာ ၉ ဒသမ ၄ မီတာလောက်အထိ
ရေကြီးဖို့ရှိတယ်။ ၁၉၅၄ ခုနှစ်တုန်းကလိုပေါ့"ဟု ၎င်းက ဆိုခဲ့သည်။ Fitzryo
မြစ်ဝန်းကျင် တစ်ဝိုက်ရှိ မြို့ နယ်များတွင် ၁၀ ရက်မှ ၁၄ ရက်အကြား
ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေဦးမည် ဖြစ် ကြောင်း သိရှိရသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment