ဂျန္န၀ါရီ ၁၄ ရက် ၂၀၁၁ သျှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်းတစ်နေရာ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ခရီးသွား ယာဉ်များထံမှ ငွေကြေးတောင်းယူသည့် ဖြစ်ရပ် ဂျန္န၀ါရီ ၁၂ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

လားရှိုးအတက်လမ်းမှ ကားများ (ဓါတ်ပုံ-S.H.A.N.)
ယင်းဖြစ်ရပ် ပေါ်ပေါက်အပြီး နောက်တစ်ရက်အကြာတွင် နအဖတပ်များက အဆိုပါလက်နက်ကိုင်များကိုအပူတပြင်း လိုက်လံရှာဖွေနေ ကြောင်း စစ်ဘက်သတင်းရပ်ကွက်တစ်ခုက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ပန်ဆိုင်းနဲ့နောင်တောင်းရွာကြားက ၁၀၅ မိုင်ကိုကွင်းတဲ့လမ်းပေါ့၊ ဟိုခေးရွာဘက်ထွက်တဲ့လမ်းခွဲမှာ ပြောက်ကျားစစ်ယူနီ ဖေါင်းဝတ် ၅ ယောက် ၆ ယောက်လောက်ပေါ့ သေနတ်အတိုအရှည်အကုန်ပါတယ်၊ ဘယ်အဖွဲ့လည်းတော့မသိဘူး၊ တနေ့ က ဆိုင်ကယ်တွေ ကားတွေကို တစ်စီး တစ်သောင်းစီ တောင်းသွားတယ်” ဟု သူက ဆိုသည်။
လက်နက်ကိုင်အဖွဲ့မှ ၄င်းနေ့တစ်နေကုန် ငွေကောက်နေသည်ကို နအဖလုံခြုံရေးအဖွဲ့များ မသိရှိလိုက်ပဲ နောက်တစ်နေ့ အကြာ သတင်းရရှိမှ အဆိုပါအဖွဲ့အား လိုက်လံရှာဖွေနေကြောင်း သူက ဆက်ပြောသည်။
“လုံခြုံရေးတွေပုံမှန်ရှိနေတဲ့ကြားက လုပ်သွားတာပေါ့ သောင်းကျန်းသူတွေပဲဖြစ်မလား ဒါမှမဟုတ် အယောင်ဆောင်တွေ ပဲဖြစ်မလား မပြောတတ်ဘူး အဲဒါဖြစ်ပြီးနောက်တစ်ရက် သတင်းပို့မှ အခု လိုက်ရှာနေတာ” ဟုဆိုသည်။

မူစယ် ၁၀၅ မိုင်ဂိတ် (ဓါတ်ပုံ- www.panoramio.com)
မူစယ် ၁၀၅ မိုင်ရှောင်ကွင်းလမ်းအတိုင်း ဆိုင်ကယ်တစ်ရက် အစီး ၂၀၀ ၀န်းကျင်ခန့် အသွားအလာရှိပြီး ထော်လာဂျီနှင့် ကားများလည်း ပုံမှန်အသွားအလာရှိကြောင်း သိရသည်။
ယခု ဖြစ်ရပ်ကြောင့် ဒေသတွင်းလုံခြုံရေး ထူထပ်စွာချထားကြောင်း သတင်းရရှိသည်။
ယခု ဖြစ်ရပ်ကြောင့် ဒေသတွင်းလုံခြုံရေး ထူထပ်စွာချထားကြောင်း သတင်းရရှိသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment