အတ္တခုံခု ထိပ်ဆုံးဆီသို့
ငါ့ဖို့ နေရာ လုနေကြသလော။
"ငါ" အတ္တစွဲ ဥစ္စာစည်းစိမ်များစွာကို
မတရားမှုမျိုးစုံစွာဖြင့်
သူ့ထက်ငါအနိုင် အပြိုင်အဆိုင်
လုနေကြသလော။
အို အချင်းတို့
ထိုကား မှား၏
ဖြစ်ခြင်းပျက်ခြင်း
လောကဓံရှစ်ပါးဟူသော
သံသရာစက်ကွင်းလည်ရာ
မြေကမ္ဘာတွင် သင်တို့ကွန်ုပ်တို့
နေထိုင်ကြ၏
ထိုအမှန်တရားကြောင့်
တရားသောနည်းဖြင့် ရရှိခဲ့သော
ဥစ္စာသည်ပင် ခိုင်မြဲသော်ငြား
အချိန်တစ်ခုတွင်
နေ၀င်သကဲ့သို့
မိုးချုပ်မည်တည်း။
လူ့ဘ၀တွင် ရတောင့်ရခဲ
မွန်မြတ်ဘ၀ကို
အကျိုးရှိစွာ အသုံးချလျက်
လူပီသစွာ နေကြကုန်။
လူလူချင်းပင် စာနာလျက်
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူမျိုးအား
ဘုရားသခင်လက်အောက်
ဒုတိယတွင် ထားကာ မြတ်နိုး
တိုင်းပြည်အကျိုး
ဆောင်ရွက်ကြပါကုန်။
ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နေရာကို
ထိန်းသိမ်းကာကွယ်
ဘေးရန်စွယ်မှ ကင်းလွတ်စေကာ
ရရှိခဲ့သော လွတ်လပ်ရေးကို
လေးစားပါ။
ရွှေရောင်ဝင်းဝါ မြေပြင်ကျယ်အား
မြတ်နိုးတန်ဖိုးထားကြပါ။
ကိုယ့်လူကိုယ့်မျိုး စောင့်ရှောက်ကာကွယ်
မြတ်နိုးပါ
ယခုသည်ကား ကိုယ့်လူကိုယ့်မျိုး
အချင်းချင်း၏ နှိပ်စက်မှုဒဏ်
များစွာ ခံရ
နှလုံးသားထောင့်တွင်
အမျက်ကြီးသော ညောင့်စူးသည်ကာ
တွယ်ကုန်ပြီ။
ဖြေဖျောက်စေရန် သင်တို့ကိုယ်တိုင်
ကုသပါလော့
အို အာဏာရှင်တို့။ ။
Violet
မေးလ်ထဲကပါ။ ပေးပိုလာတဲ့ကိုမျိုးအားကျေးဇူးတင်တယ်
1 January 2011
ချစ်ပါ ခင်ပါ မြတ်နိုးပါ ကိုယ့်တိုင်း ကိုယ့်ပြည်သာ
Etiketter: ပေးပိုတဲ့ကဗျာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment