http://www.naytthit.net/
ဝန်ကြီးချုပ်ဟာ ကမ္ဗောဒီးယားနဲ့ ပြည်တွင်းအမျိုးသားရေးဝါဒနှစ်ခုအပေါ် မျှမျှတတဖြစ်အောင် ဆက်လက်ဆောင် ရွက်နေ
ကမ္ဗောဒီးယားနဲ့သူ့ရဲ့ အရေးယူခံထားရတဲ့ထိုင်းမျိုးချစ်တွေ နှစ်ဖက်စလုံး ပျော်အောင် ၀န်ကြီးချုပ်အဖိဆစ် ဘာလုပ် နိုင်မှာလဲ။ မနေ့ည ရုပ်မြင်သံကြားအထူး အစီအစဉ်က နှစ်ဖက်စလုံးအပေါ် ဒေါသထွက်တာနဲ့ပဲ အဆုံးသတ်သွားပုံ ရပါတယ်။
ဖနွမ်းပင်က ဖမ်းခဲ့တဲ့ ထိုင်း ၇ ယောက်နဲ့ ၅ ယောက်ပြန်လွှတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တမျိုးသားလုံးရှေ့မှာ စ ကားပြောတဲ့အခါ သူ့အနေနဲ့ နှစ်ဖက်ကြား အကြပ်ရိုက်နေခဲ့ပါတယ်။ အဖိဆစ်အနေနဲ့ ကမ္ဗောဒီးယားနဲ့ပတ်သက်ပြီး အရမ်း ငြင်းခုံပြောဆိုတာမျိုး မလုပ်ချင်ဘူး။ ဒါပေမဲ့ လမ်းပေါ်ပြန်ထွက်လာတဲ့ ရှပ်ဝါတွေ ကျေနပ်အောင်တော့ လုပ် ဖို့လည်းလိုတယ်။ ရုပ်သံမှာပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ရလဒ်ကတော့ နှစ်ခွသဘောဆောင်နေပြီး နှစ်ဖက်စလုံး ဘယ်သူကမှ မကျေနပ်ကြဘူး။ ဖနွမ်းပင်ကတော့ ပိုပြီး ကျေနပ်မှာမဟုတ်ဘူး။ ဖနွမ်းပင်က ထိုင်း၂ယောက်ကို ဆက်ဖမ်းထားတုန်းပဲ။
ထိုင်း ၇ ဦးဟာ ထိုင်းမြေပေါ်မှာ၊ ဒါမှမဟုတ် အနည်းဆုံး အငြင်းပွားနေတဲ့မြေပေါ်မှာ အဖမ်းခံရတာဖြစ်တယ်ဆိုတဲ့ ထုတ်ဖော်ချက်အပေါ် လိုက်ပြောဖို့ အဖိဆစ်က ငြင်းဆန်ပါတယ်။ ဒီအတွက် ထိုင်းမျိုးချစ်တွေကတော့ သူ့အပေါ် မကျေနပ်ကြပါဘူး။ ဒါပေမဲ့ သူတို့မြေတွေဟာ ကမ္ဗောဒီးယားပိုင်နက်ထဲမှာ ပါနေသလားဆိုတဲ့ ရွာသားတွေရဲ့ ပြော ဆိုချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဒီ ၇ ယောက်ဟာ ဒီနေရာကို ရိုးရိုးသားသားနဲ့ သွားခဲ့တာ ဖြစ်တယ်။ ဆိုတာကို တော့ အဖိဆစ်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ဒီထိုင်း ၇ ယောက်အမှုမှာ သူတို့ကိုဖမ်းတာ၊ စီရင်ချက်ချတာ၊ ဒါကို အစိုးရက လက်ခံခဲ့တာတွေဟာဆိုရင် ၀န်ကြီး ချုပ်နဲ့ အဆင့်မြင့်အရာရှိတွေဟာ ဆိုးဝါးတဲ့ ရာဇတ်ဝတ်မှုတခု ကျူးလွန်လိုက်တဲ့ အဓိပ္ပာယ်ပဲ ဖြစ်တယ်။ သေဒဏ် တောင် အပြစ်ပေးသင့်တယ်လို့ ၀န်ကြီးချုပ်ရဲ့ မဟာမိတ်ဟောင်းတွေထဲက တချို့ပြည်တွင်းနိုင်ငံရေးပြိုင်ဖက်တွေ က ထပ်ခါတလဲလဲ ပြောဆိုနေပါတယ်။
ဇန်န၀ါရီ ၂၄၊ ၂၀၁၁ (The Nation)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment