http://www.naytthit.net/
ဒီကနေ့မနက် ၇ နာရီဝန်ကျင်လောက်က နအဖဘက်က လက်နက်ကြီးတွေနဲ့ အစပျိုးပစ်ခတ်လာပြီး ၁၀ နာရီခွဲလောက် မှာတော့ မြေပြင်ကနေ ကျောက်ခက်အနီးက ဒီကေဘီအေ တပ်ဖွဲ့တွေ အသင့်နေရာယူပြင်ဆင်ထားတဲ့ တောင်ကုန်းတွေ ကို ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။ တိုက်ပွဲဟာ ညနေ ၃ နာရီလောက်မှာ နားသွားပြီး နအဖ ဘက်က အကျအဆုံးများ စွာနဲ့ ဖလူးဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က အသေ၊ ဒဏ်ရာ အားလုံးပေါင်း ၅၀ လောက်ရှိ နိုင်တယ်လို့ ဒီကေဘီကေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် က အတည်ပြုပြောကြားပါတယ်။
အခု တိုက်ပွဲဖြစ်တဲ့ နေရာကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနေ့ကလည်း နအဖ တပ်တွေ လာရောက်တိုက်ခိုက်ပြီး အသေ၊ ဒဏ်ရာ အားလုံးပေါင်း ၁၀ လောက် ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဗိုလ်ဆန်းအောင်က ဆက်လက်ပြောပြပါ တယ်။ ဆက်လက်ပြီး အနီးအနား ဆက်စပ်ဒေသတွေက တိုက်ပွဲအခြေအနေတွေကို ဗိုလ်ဆန်းအောင် က ဆက်ပြောပြ ပါတယ်။
“မနေ့က ည ၈ နာရီခွဲလောက်မှာ ဝေါ်လေ အိုကရေ့ထနားက နအဖ ဗျူဟာကုန်းကို ကျနော်တို့ ဒီကေဘီအေ ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နအဖ ဘက်က ဗိုလ်မှူးအဆင့် အပါ ၆ ဦး ဒဏ်ရာရတယ်။ အဲဒီလူနာတွေကို ဒီကနေ့ပဲ ထိုင်းနိုင်ငံထဲက သယ်သွားတယ် မြဝတီဘက်ကို။ အဲဒါက ဝေါ်လေမှာ ဖြစ်ခဲ့တာ”
ဆက်လက်ပြီး ဒီနေ့ သင်္ဃန်းညီနောင်နားက နအဖ ကားတန်းကို ဒီကေဘီအေ ဘက်က တိုက်ခိုက်ခဲ့တဲ့ သတင်းကိုလည်း ဆက်ပြောပြပါတယ်။
“ဟုတ်တယ် ဒီနေ့ မနက် ၈ နာရီ ၁၅ မိနစ်လောက် သင်္ဃန်းညီနောင်နားမှာ ကျနော်တို့ဘက် ဗိုလ်မှူးကျော်ပရို ဦးဆောင် ပြီ နအဖ ကားတန်းကို တိုက်ခိုက်လိုက်တယ်။ ကားတစီးချောက်ထဲထိုးကြတယ် နောက်တစီးက လမ်းဘေးမှာ ထိုးရပ်နေ တယ်။ ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ တယောက်လည်းပါတယ်ကြား တယ်။ ကားနောက်လိုက်နဲ့ ကားမောင်းသူ အရပ်သားနှစ်ဦးလည်း ဒဏ်ရာပြင်ထန်တယ်လို့ သိရတယ်။” လို့ ပြောပြသွား တယ်။
အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီး နအဖ စစ်အုပ်စုကို ပြန်လည်တော်လှန်တိုက်ခိုက်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို နအဖ ဘက်က ကလေးစစ်သားတွေ၊ အကျဉ်းသားအထမ်းသမားတွေကိုအသုံးပြုပြီး သဲကြီးမဲကြီး အကျအဆုံးများစွာနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့နဲ့ ၂၈ ရက်နေ့အတွင်းမှာပဲ နအဖ ဘက်က စစ်သား ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment